Qualcomm ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက စျေးသက်သာတဲ့ Mid Range နဲ့ Budget ဖုန်းတွေအတွက် Snapdragon 480 5G Chipset အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Snapdragon 480 5G Chipset ဟာ ယခင် Snapdragon 460 လိုမျိုး Chipset ထက် စွမ်းဆောင်ရည် ၂ ဆ ပိုကောင်းလာသလို Snapdragon Chipset တွေထဲမှာ 5G Support ရရှိတဲ့ အနိမ့်ဆုံး Chipset လည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Vivo ကနေ တရုတ်နိုင်ငံစျေးကွက်အတွက် ပထမဆုံး Snapdragon 480 5G Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းကိုတော့ Vivo Y31s လို့ နာမည်ပေးထားမှာဖြစ်ပါတယ်။

Design ပိုင်းအနေနဲ့လည်း ယခင် Vivo Y Series ဖုန်းတွေနေ ကွဲထွက်နေမှာဖြစ်ပြီး Flagship Series ဖြစ်တဲ့ Vivo X50 Series နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ Display အနေနဲ့ကတော့ 6.58″ Full HD+ IPS LCD Display ကို အသုံးပြုထားပြီး 90Hz Refresh Rate ကိုပါ Support ပေးနိုင်မှာပါ။ Selfie Camera အတွက်ကတော့ 8MP Sensor ကို အသုံးပြုထားပေမယ့် Punch-hole Design အစား Dewdrop Notch ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Performance အနေနဲ့ကတော့ Qualcomm Snapdragon 480 5G Chipset အပြင် RAM 6GB နဲ့ 128GB Storage ပါဝင်မယ်လို့ သိရပါတယ်။ Camera ပိုင်းမှာလည်း 13MP Primary + 2MP Depth Sensor ပါဝင်တဲ့ Dual Camera Setup ကိုပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ ဘေးဘက် Power Button မှာတပ်ဆင်ထားတယ်လို့ သိရပါတယ်။

Battery ပိုင်းမှာတော့ 18W Fast Charging ကို Support ပြုလုပ်တဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ Android 11 ကို အခြေခံထားတဲ့ Funtouch OS 10.5 နဲ့ ပွဲထွက်လာတာဖြစ်ပါတယ်။

Vivo Y31s ဖုန်းဟာ အရောင်အနေနဲ့ Monot Color ၊ Titanium Empty Gray နဲ့ Ruby Red ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ယွမ် ၁,၆၉၈ (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China