vivo Y38 5G ကို ထိုင်ဝမ်မှာ ကြေညာလိုက်ပြီး Specs နဲ့ ဒီဇိုင်းဟာ တရုတ်မှာ မကြာခင်က ကြေညာခဲ့တဲ့ vivo Y200i 5G နဲ့ ဆင်တူပါတယ်။

Vivo Y38 5G

vivo Y38 5G မှာ 6.68” IPS LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate , 264ppi Pixel Density နဲ့ 1,000 Nits Peak Brightness ထည့်သွင်းထားပါတယ်။ စတီရီယို စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။

Snapdragon 4 Gen 2 Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု FunTouch OS 14 မောင်းနှင်ထားပါတယ်။

Vivo Y38 5G

vivo Y38 5G မှာ 44W Fast Charging ထောက်ပံ့ထားတဲ့ 6,000mAh Battery ပါလာပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main, 2MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး USB-C Port ပါပါတယ်။ နားကြပ်ပေါက်တော့ မပါလာပါဘူး။ IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

8GB/256GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။ Pacific Blue နဲ့ Dark Green ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina