Vivo ကနေ အခုအချိန်မှာ V20 Series တင်မဟုတ်ဘဲ Y Series ဖုန်းတွေကိုပါ ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံစျေးကွက်အတွက် Y Series စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

အဆိုပါ Vivo Y Series ဖုန်းသစ်ဟာ Vivo Y52s လို့သိရပြီး Model Number အနေနဲ့ V2057A လို့ ပေးထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်း 3C နဲ့ TENAA Certification တွေရရှိပြီးဖြစ်သလို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာလည်း တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။

Vivo Y52s စမတ်ဖုန်းဟာ 6.58″ IPS LCD Display ကို Waterdrop Notch နဲ့ အသုံးပြုလာမှာဖြစ်ပြီး Resolution အနေနဲ့ Full HD+ ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor + 2MP Secondary Sensor ပါဝင်တဲ့ Dual Camera Setup နဲ့ 8MP Selfie Camera ပါဝင်မှာပါ။

Performance ပိုင်းအနေနဲ့ MediaTek Dimensity 720 Chipset ကို အသုံးပြုထားပြီးတော့ 5G Support လည်းပါဝင်မှာဖြစ်ပါတယ်။ RAM 8GB အပြင် 128GB Storage ထည့်သွင်းထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကို အဆင်ပြေစေမှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 4910mAh (5000mAh) Battery ပါဝင်ပြီးတော့ Fast Charging ပါဝင်ခြင်းရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

Vivo Y52s စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ 1,998 Yuan (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ရောင်းချသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် 5G Support ပြုလုပ်တဲ့ Mid Range ဖုန်းတွေထဲမှာ ရွေးချယ်စရာဖြစ်လာဦးမှာပါ။

Ref – Gizmo China