Vivo က Y70s လို့ နာမည်ပေးထားတဲ့နောက်ထပ် 5G စမတ်ဖုန်း အသစ် ၁ လုံးကို ချပြတော့မှာ ဖြစ်ပါတယ်။ Vivo က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပြီး အနောက်ကင်မရာ ၂ လုံးထက် ပိုပါလာမှာ ဖြစ်ပါတယ်။ အရောင်တွေထဲမှာ ပန်းရောင် ပါဝင်လာမှာ ဖြစ်ပါတယ်။

Vivo က Y70s ရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မပြောသေးပေမယ့် ပေါက်ကြားထွက်ပေါ်နေတဲ့ ပိုစတာ ၁ ခုအရ အဲဒီ စမတ်ဖုန်းအတွက် အရောင် ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး 48MP Main အပါအဝင် အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Vivo Y70s မှာ Exynos 880 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB Storage ပါလာမှာ ဖြစ်ပါတယ်။ ဘေးဘက်လက်ဗွေရာ အာရုံခံကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး 4,500mAh ဘက်ထရီ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 3C မှာ 18W Charging ထောက်ပံ့ထားမယ်လို့ ဖော်ပြထားပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရမှာ ဖြစ်ပါတယ်။

Ref : gsmarena