vivo ဟာ လက်ရှိအချိန်မှာ X Series ဖုန်းတွေနဲ့ Global စျေးကွက်ကို ထိုးဖောက်နေသလို Mid Range စျေးကွက်မှာလည်း Y Series ဖုန်းတွေနဲ့ အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ အခုလည်း vivo ကနေ Y Series ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါပြီ။

ဒါကတော့ vivo Y77 5G ဖုန်းပဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ထားတဲ့ Y65s နဲ့ Y76 5G ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်လာမှာပါ။

vivo Y77 5G ဟာ Performance ပိုင်းမှာ MediaTek ကနေ ထုတ်လုပ်ထားတဲ့ Dimensity 810 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ 256GB Storage ပါဝင်မှာဖြစ်ပြီး MicroSD Card ကနေတစ်ဆင့် ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။ RAM အနေနဲ့ ထပ်မံတိုးချဲ့ချင်တယ်ဆိုရင် Virtual RAM အနေနဲ့ 4GB အထိ ထပ်မံတိုးချဲ့နိုင်ဦးမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 50MP Primary Sensor နဲ့ 2MP Macro Camera တွေပါဝင်တဲ့ Dual Camera Setup ပါဝင်မှာဖြစ်ပြီး Selfie Camera အနေနဲ့ 16MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ 6.58″ Full HD+ 60Hz LCD Display ကိုပဲ အသုံးပြုထားမယ်လို့သိရပါတယ်။

vivo Y77 5G ဖုန်းဟာ Software ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ FuntouchOS 12 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း ဘေးဘက် Power Button မှာ ထည့်သွင်းပေးထားပါတယ်။

vivo Y77 5G ဟာ လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင်ရောင်းချသွားမှာဖြစ်ပြီး တရုတ်ယွမ်ငွေ ၁,၃၀၀ (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) ကျသင့်မယ်လို့ ယူဆရပါတယ်။ အရောင်အနေနဲ့ကတော့ Glowing Galaxy နဲ့ Starlight Black ဆိုပြီး ၂ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena