Zawgyi

တ႐ုတ္ ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီႀကီး ျဖစ္တဲ့ VIVO ကေနၿပီး Entry Level ဖုန္းတစ္လုံးကို တိတ္တိတ္ေလး ပြဲထုတ္လိုက္ပါတယ္။ အခုမိတ္ဆက္လိုက္တဲ့ ဖုန္းကို VIVO Y89 လို႔ နာမည္ေပးထားၿပီး Entry Level Spec ေတြနဲ႕ အတူ Premium ဆန္တဲ့ ဒီဇိုင္းမ်ိဳးနဲ႕ ထုတ္လုပ္ထားတာပါ။ 6.26-inch ရွိ Notch ပါဝင္တဲ့ LCD Display ကို တပ္ဆင္ေပးထားၿပီး SoC ကေတာ့ Qualcomm ရဲ႕ Entry Level Chipset ျဖစ္တဲ့ Snapdragon 626 SoC ကို အသုံးျပဳထားပါတယ္။

LCD Display ရဲ႕ ထိပ္ဘက္ Notch ကေတာ့ ေတြ႕ေနက် Entry Level ဖုန္းေတြရဲ႕ Notch လို မဟုတ္ပဲ အေတာ္ေလး ေသးငယ္တာကိုေတြ႕ရပါတယ္။ 6.26-inch အ႐ြယ္ရွိတဲ့ LCD မ်က္ႏွာျပင္ကလည္း Entry Level ဖုန္းတစ္လုံးအတြက္ အေတာ္ေလး လုံေလာက္တဲ့ပမာဏ လို႔ဆိုနိုင္ၿပီး FHD+ ႐ုပ္ထြက္ကလည္း ၾကည္လင္ေတာက္ပတဲ့ ႐ုပ္ထြက္ေတြကို ေဖာ္ျပေပးနိုင္ပါတယ္။

ဖုန္းကိုယ္ထည္ အထူက 7.89mm ပဲ ရွိတာမို႔ ေျခာက္လက္မ မ်က္ႏွာျပင္ရွိတဲ့ ဖုန္းတစ္လုံးအတြက္ အေတာ္ေလး ပါးလွပ္တဲ့ အေနအထားလို႔ ဆိုနိုင္ပါတယ္။ 3.5mm နားက်ပ္ေပါက္လည္း ပါဝင္တာမို႔ စိတ္ရႈပ္စရာ Dongle ေတြသုံးစရာ မလိုပါဘူး။ Snapdragon 626 SoC က စြမ္းေဆာင္ရည္ အနည္းငယ္ နိမ့္တယ္လို႔ ဆိုနိုင္ေပမယ့္ 4GB RAM နဲ႕ တြဲေပးလိုက္တဲ့အခါ ဂရပ္ဖစ္အျမင့္ဂိမ္းေတြကို ဂရပ္ဖစ္ အနိမ့္ဆုံးထားၿပီး ေဆာ့ကစားလို႔ ရတဲ့ အေနအထားမွာရွိပါတယ္။ Internal Storage ကေတာ့ 64GB ပါဝင္ၿပီး Micro SD ကတ္ အေပါက္ပါဝင္တာေၾကာင့္ 256GB ထိ ထပ္မံတိုးခ်ဲ့လို႔ ရပါတယ္။

ကင္မရာပိုင္း အေနနဲ႕ကေတာ့ 16MP+2MP ကင္မရာ ႏွစ္လုံးတြဲ တပ္ဆင္ေပးထားၿပီး Selfie ကင္မရာကေတာ့ 16MP ရွိပါတယ္။ Operating System ပိုင္းမွာေတာ့ Android 8.1 Oreo ကိုသာ အသုံးျပဳေပးထားပါတယ္။ ဘက္ထရီ ပမာဏ 3,260 mAh ပါဝင္ၿပီး သာမာန္ Micro USB ေပါက္ကေနပဲ အားသြင္းရမွာပါ။ ေစ်းႏႈန္းအေနနဲ႕ကေတာ့ အတိအက် ထုတ္ျပန္ျခင္းမရွိေသးပဲ AliExpress လို အြန္လိုင္းစတိုးေတြကေတာ့ $266 နဲ႕ေရာင္းခ်မွာမို႔ ျမန္မာေငြ ေလးသိန္းနားကပ္နိုင္ၿပီး တ႐ုတ္ျပည္တြင္းမွာ တရားဝင္ေရာင္းခ်မယ့္ေစ်းကေတာ့ အမ်ားႀကီး သက္သာနိုင္ပါတယ္။

Ref: XDA

Unicode

VIVO Y89 ကို တရုတ်ပြည်မှာ စတင် မိတ်ဆက်

တရုတ် ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်တဲ့ VIVO ကနေပြီး Entry Level ဖုန်းတစ်လုံးကို တိတ်တိတ်လေး ပွဲထုတ်လိုက်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ ဖုန်းကို VIVO Y89 လို့ နာမည်ပေးထားပြီး Entry Level Spec တွေနဲ့ အတူ Premium ဆန်တဲ့ ဒီဇိုင်းမျိုးနဲ့ ထုတ်လုပ်ထားတာပါ။ 6.26-inch ရှိ Notch ပါဝင်တဲ့ LCD Display ကို တပ်ဆင်ပေးထားပြီး SoC ကတော့ Qualcomm ရဲ့ Entry Level Chipset ဖြစ်တဲ့ Snapdragon 626 SoC ကို အသုံးပြုထားပါတယ်။

LCD Display ရဲ့ ထိပ်ဘက် Notch ကတော့ တွေ့နေကျ Entry Level ဖုန်းတွေရဲ့ Notch လို မဟုတ်ပဲ အတော်လေး သေးငယ်တာကိုတွေ့ရပါတယ်။ 6.26-inch အရွယ်ရှိတဲ့ LCD မျက်နှာပြင်ကလည်း Entry Level ဖုန်းတစ်လုံးအတွက် အတော်လေး လုံလောက်တဲ့ပမာဏ လို့ဆိုနိုင်ပြီး FHD+ ရုပ်ထွက်ကလည်း ကြည်လင်တောက်ပတဲ့ ရုပ်ထွက်တွေကို ဖော်ပြပေးနိုင်ပါတယ်။

ဖုန်းကိုယ်ထည် အထူက 7.89mm ပဲ ရှိတာမို့ ခြောက်လက်မ မျက်နှာပြင်ရှိတဲ့ ဖုန်းတစ်လုံးအတွက် အတော်လေး ပါးလှပ်တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ 3.5mm နားကျပ်ပေါက်လည်း ပါဝင်တာမို့ စိတ်ရှုပ်စရာ Dongle တွေသုံးစရာ မလိုပါဘူး။ Snapdragon 626 SoC က စွမ်းဆောင်ရည် အနည်းငယ် နိမ့်တယ်လို့ ဆိုနိုင်ပေမယ့် 4GB RAM နဲ့ တွဲပေးလိုက်တဲ့အခါ ဂရပ်ဖစ်အမြင့်ဂိမ်းတွေကို ဂရပ်ဖစ် အနိမ့်ဆုံးထားပြီး ဆော့ကစားလို့ ရတဲ့ အနေအထားမှာရှိပါတယ်။ Internal Storage ကတော့ 64GB ပါဝင်ပြီး Micro SD ကတ် အပေါက်ပါဝင်တာကြောင့် 256GB ထိ ထပ်မံတိုးချဲ့လို့ ရပါတယ်။

ကင်မရာပိုင်း အနေနဲ့ကတော့ 16MP+2MP ကင်မရာ နှစ်လုံးတွဲ တပ်ဆင်ပေးထားပြီး Selfie ကင်မရာကတော့ 16MP ရှိပါတယ်။ Operating System ပိုင်းမှာတော့ Android 8.1 Oreo ကိုသာ အသုံးပြုပေးထားပါတယ်။ ဘက်ထရီ ပမာဏ 3,260 mAh ပါဝင်ပြီး သာမာန် Micro USB ပေါက်ကနေပဲ အားသွင်းရမှာပါ။ စျေးနှုန်းအနေနဲ့ကတော့ အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပဲ AliExpress လို အွန်လိုင်းစတိုးတွေကတော့ $266 နဲ့ရောင်းချမှာမို့ မြန်မာငွေ လေးသိန်းနားကပ်နိုင်ပြီး တရုတ်ပြည်တွင်းမှာ တရားဝင်ရောင်းချမယ့်စျေးကတော့ အများကြီး သက်သာနိုင်ပါတယ်။

Ref: XDA