အရင်နှစ်က ရောင်းချခဲ့တဲ့ Vivo Z5x ကို Chipset အသစ် ထည့်သွင်းပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါတယ်။ မော်ဒယ် အသစ်မှာ Snapdragon 712 Chipset ထည့်သွင်းထားပြီး အရင်နှစ်ထုတ် မော်ဒယ်မှာ Snapdragon 710 ပဲ ထည့်ထားတာပါ။ 6/128GB ပါတဲ့ မော်ဒယ်အသစ်ကို ၁,၂၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၅ သောင်းလောက်ရှိပါတယ်။

အဲဒီ စမတ်ဖုန်းမှာ ၆.၅၃ လက်မ IPS LCD FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 16MP Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16MP , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

အဲဒီ စမတ်ဖုန်းမှာ Android 9 Pie အခြေပြု Funtouch OS 9 မောင်းနှင်ထားပြီး 18W Wired Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။ 8/128GB Version လည်း ထုတ်လုပ်ထားပြီး ၁,၅၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၁ သောင်းလောက်ရှိပြီး တရုတ်မှာ အနက်၊ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena