Vivo ဟာ ဖေဖော်ဝါရီလရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ၂၉ ရက်နေ့မှာ Vivo Z6 ကို ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။ ဒီစမတ်ဖုန်းဟာ Vivo Z စီးရီးရဲ့ နောက်ဆုံးပေါ်မျိုးဆက်ဖြစ်တဲ့အလျောက် အတွင်းအစိတ်အပိုင်းတွေမှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ အထူးသဖြင့် ဂိမ်းမင်းပိုင်း ဖြစ်ပါတယ်။

ထွက်ပေါ်ထားတဲ့သတင်းတွေအရ Vivo Z6 ဟာ special Professional gaming mode ပါဝင်မှာဖြစ်သလို PC level liquid cooling technology လည်း ပါဝင်မယ်လို့ သိရပါတယ်။ Vivo က မျှဝေလိုက်တဲ့ Teaser အရဆိုရင် Z6 ဟာ နောက်ဆုံးပေါ် Multi Turbo 3.0 acceleration engine ကိုမှ ကွန်ပျူတာအဆင့် ပုံဆောင်အရည်အအေးပေးစနစ်နဲ့ ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် စမတ်ဖုန်းတွေဟာ ဂိမ်းကစားတဲ့အခါ သာမန်ထက်ပိုပြီးအပူချိန်မြင့်တက်လာပါတယ်။ V6 ရဲ့ အအေးပေးနည်းပညာဟာ အပူချိန်ကို အနိမ့်ပိုင်းမှာပဲရှိနေအောင် စွမ်းဆောင်ပေးတယ်လို့ ဆိုပါတယ်။ ဒါကိုမှ အဆင့်မြှင့်တင်ထားတဲ့ Acceleration engine က ဂိမ်းကစားခြင်းနဲ့ အပူချိန်ကို သင့်မြတ်အောင်ချိန်ညှိပေးပါတယ်။

ပုံဆောင်ရည် အအေးပေးစနစ်အဖြစ် Vivo Z6 မှာ 85mm ပုံဆောင်ရည်အေးပြွန်ချောင်း ထည့်သွင်းပေးထားပြီး၊ ခဲနက်လွှာတွေက စတုရန်းမီလီမီတာ 10,000 အထိ ဖုံးအုပ်ပေးထားတာကြောင့် အပူတွေက ၁၀ ဒီဂရီ ဆဲလ်စီယပ်အထိ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။

ဂိမ်းကစားဖို့အတွက် Hardware ပိုင်းတင်မက Software ပိုင်းလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ Game Space 3.0 နဲ့ eSports mode လိုမျိုး လုပ်ဆောင်ချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကတော့ လာမယ့် ၂၉ ရက်၊ တရားဝင်ဖြန့်ချိတဲ့အချိန်မှာပဲ သိရမှာ ဖြစ်ပါတယ်။

Ref: Gizmochina