Cloud Native နည်းပညာပါဝင်သည့် ပိုမိုအားကောင်းခိုင်မာသော 5G Telco Cloud စနစ်ဖြင့် စီးပွားရေးလုပ်ငန်းများအား မြန်မာနိုင်ငံ၏ Cloud နည်းပညာနှင့် မိုဘိုင်းဦးဆောင် စီးပွားရေးစနစ်တွင် အဆက်မပြတ် ထွက်ရှိလာနေသည့် ခေတ်မီနည်းပညာများကို ကောင်းစွာ ရယူအသုံးချနိုင်ရန် ပံ့ပိုးမည်။

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်သော VMware, Inc. (NYSE: VMW) က ဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်နေသည့် ကုမ္ပဏီကြီးများ (CSPs) အတွက် မြန်မာနိုင်ငံအတွင်း တိုးတက်များပြားလာနေသည့် 5G အသုံးချ နည်းပညာ တီထွင်ဖန်တီးမှုများကို ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ၎င်း၏ 5G Telco Cloud ပလက်ဖောင်းဖြင့် ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ VMware ၏ 5G Telco Cloud ပလက်ဖောင်းသည် ယုံကြည်စိတ်ချရသော စံနှုန်းမီ carrier-grade နှင့် စွမ်းဆောင်ရည်မြင့် cloud native infrastructure ကို အသုံးချထားသော တစ်နေရာတည်းတွင် အားလုံးအသုံးပြုနိုင်သည့် cloud ဦးစားပေး နည်းပညာဖြေရှင်းချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ခေတ်ရှေ့ပြေးနေသည့် နည်းပညာ အက်ပလီကေးရှင်းများအား အသုံးပြုနိုင်ရန် ပံ့ပိုးပေးရာတွင် CSPs ကုမ္ပဏီကြီးများအား အထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။

နောက်လာမည့် (၁၅) နှစ်အတွင်း နည်းပညာသည် အာရှ စီးပွားရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၉၀၀) ဘီလီယံနီးပါး ပါဝင်လာမည်ဟု ခန့်မှန်းထားသည့်အတိုင်း လုပ်ငန်းအဖွဲ့အစည်းများသည် တိုးတက် ကြီးမားလာသည့် cloud နည်းပညာနှင့် မိုဘိုင်းဦးဆောင် စီးပွားရေးစနစ်အလယ်တွင် customer များ၏ အချိန်နှင့်တပြေးညီ ပြောင်းလဲနေသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် စီးပွားရေး ဆန်းသစ်တီထွင်မှု အရှိန်အဟုန်အား မြှင့်တင်နိုင်ရန်အတွက် ၎င်းတို့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များကို တိုးချဲ့ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လာမည့် နှစ်နှစ် သုံးနှစ်အတွင်း 5G ကွန်ရက် ဖြန့်ကျက်နိုင်ရန် ပြင်ဆင်လျက်ရှိနေပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းရှိ CSPs ကုမ္ပဏီကြီးများအတွက် အလွန်များပြားသော အသုံးပြုမှုပမာဏအား မြန်ဆန်သွက်လက်စွာ ဝန်ဆောင်မှုပေးရာတွင် ယုံကြည်စိတ်ချရသော carrier-grade စွမ်းဆောင်ရည်၊ လုပ်ငန်းဆောင်တာများ မထိခိုက်စေရန် ထိန်းသိမ်းထားနိုင်စွမ်းနှင့် လိုအပ်သလို ဝန်ဆောင်မှုပေးနိုင်စွမ်းရှိသည့် ခေတ်မီ cloud နည်းပညာအသုံးချ လုပ်ငန်းနယ်ပယ်တွင်း အသိအမှတ်ပြု ကွန်ရက်တစ်ခု လိုအပ်လျက် ရှိပါသည်။

VMware ၏ ဆန်းသစ်ထားသော multi-cloud ပလက်ဖောင်းသည် 5G ကွန်ရက်များ စတင်အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးသောကြောင့် CSPs ကုမ္ပဏီများ အနေဖြင့် cloud native နည်းစနစ်များကို ရယူအသုံးပြုနိုင်ရန် ပံ့ပိုးပေးပြီး စီးပွားရေးလုပ်ငန်း နယ်ပယ်တွင် မြင့်မားလာသော လိုအပ်ချက်များကို ပိုမို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ရန် ဈေးကွက်အတွင်း ဆန်းသစ် တီထွင်ထားသော အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်မည် ဖြစ်ပါသည်။

“VMware က customer တွေ လက်ရှိ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့၊ နောက်တစ်နေ့မှာ ရောက်ရှိလာမယ့် အခွင့်အလမ်းတွေအတွက် အသုံးချနိုင်ဖို့ ပြီးပြည့်စုံတဲ့ telco နဲ့ edge နယ်ပယ်သုံး cloud စနစ်တစ်ခု ဆက်လက် တိုးမြှင့်ပေးအပ်သွားပါမယ်” ဟု VMware Myanmar ၏ Country Manager ဖြစ်သူ ကိုပြည်စိုး က ပြောသည်။ “ကျွန်တော်တို့ရဲ့ Telco Cloud ပလက်ဖောင်းထဲက cloud native နည်းပညာတွေရဲ့ ပံ့ပိုးမှုနဲ့အတူ CSPs ကုမ္ပဏီကြီးတွေဟာ အခုဆိုရင် အက်ပလီကေးရှင်းနဲ့ ဝန်ဆောင်မှု အသစ်တွေ ပေးအပ်ဖို့ သူတို့ရဲ့ ဆန်းသစ်တီထွင်မှုနှုန်းကို မြှင့်တင်လိုက်နိုင်ပါပြီ။ ဒီနည်းပညာတွေက ရှုပ်ထွေးတဲ့ လုပ်ငန်းဆောင်တာတွေကို လျှော့ချပေးနိုင်ပြီး ownership savings ရဲ့ စုစုပေါင်း ကုန်ကျစရိတ် အများစုအတွက် သိသိသာသာ အကျိုးကျေးဇူး ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် တိုးတက်လာစေဖို့ ပုံပိုးကူညီတဲ့အနေနဲ့ CSPs ကုမ္ပဏီကြီးတွေရဲ့ 5G ကွန်ရက် အသုံးပြုနိုင်အောင် ကြိုးပမ်းမှုရာမှာ အရှိန်မြှင့်တင် ပေးသွားပါမယ်”။

VMware ၏ Telco Cloud ပလက်ဖောင်းသည် vCloud NFV နည်းပညာဖြေရှင်းချက်မှ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာသည့် VMware Telco Cloud Infrastructure နှင့် မကြာသေးမီက စတင် မိတ်ဆက်ခဲ့သော ဒိုမိန်းများစွာ ပေါင်းစည်းလုပ်ကိုင်နိုင်ပြီး အလိုအလျောက် ဆောင်ရွက်နိုင်စွမ်းရှိသည့် VMware Telco Cloud Automation ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ 5G ခေတ်အတွက် အသင့်ရှိနေပြီ ဖြစ်သော Telco Cloud ပလက်ဖောင်းသည် CSPs ကုမ္ပဏီကြီးများ cloud native နည်းပညာကို အလွယ်တကူ ရယူ အသုံးချနိုင်စေရန်နှင့် multi-cloud infrastructure အမျိုးမျိုးတွင် အက်ပလီကေးရှင်းနှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် လိုက်လျောညီထွေစွာ ဖန်တီးပေးထားခြင်း ဖြစ်ပါသည်။

CSPs ကုမ္ပဏီများမှာ NFV ကွန်ရက်များအား ဆော့ဖ်ဝဲလ်များ အသုံးပြု၍ cloud native နှင့် မည်သည့် နေရာတွင်မဆို တပြေးညီလုပ်ကိုင်နိုင်သော containerized ကွန်ရက်များအဖြစ် တိုးတက်ပြောင်းလဲနေပြီ ဖြစ်သည်နှင့်အညီ VMware ကလည်း ၎င်း၏ VMware vCloud NFV နည်းပညာဖြေရှင်းချက်ကို Telco Cloud Infrastructure အဖြစ် တိုးမြှင့်ပြောင်းလဲပေးခဲ့သည်။ ထို့ကြောင့် CSPs ကုမ္ပဏီများမှာ တသတ်မတ်တည်း ပေါင်းစည်းအသုံးပြုနိုင်သော ပလက်ဖောင်းတစ်ခုအဖြစ် ဆက်သွယ်ရေးကွန်ရက်များ အတွင်း Virtual Network Functions (VNFs) နှင့် Cloud Native Network Functions (CNFs) နှစ်မျိုးစလုံးအတွက် တစ်ပြေးညီ လည်ပတ်ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှု ရရှိခဲ့သည်။ Telco Cloud Infrastructure ကို ဆက်သွယ်ရေး ဗဟိုပြု နည်းပညာ တိုးချဲ့မြှင့်တင်မှုများနှင့်အတူ ပိုမို ကောင်းမွန်သော ကွန်ရက် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်၊ cloud ခွဲဝေဖြန့်ဖြူးမှုများ ပြုလုပ်ရာတွင် ထောက်ပံ့ပေးနိုင်ရန်၊ သန်းပေါင်း များစွာသော တစ်ဦးချင်းနှင့် လုပ်ငန်းစု အသုံးပြုသူများအတွက် ကြီးမားသော အရေအတွက်အား အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်သည့် စွမ်းဆောင်ရည် ရရှိရန် ရည်ရွယ်ဖန်တီးထားပါသည်။ ဆက်သွယ်ရေး ဗဟိုပြု နည်းပညာ တိုးချဲ့မြှင့်တင်မှုများပြုလုပ်ခြင်းဖြင့် CSPs ကုမ္ပဏီကြီးများမှာ အလွန်များပြားသော အသုံးပြုမှုပမာဏအား မြန်ဆန်သွက်လက်စွာ ဝန်ဆောင်မှုပေးရာတွင် ယုံကြည် စိတ်ချရသော carrier-grade စွမ်းဆောင်ရည်၊ လုပ်ငန်းဆောင်တာများ မထိခိုက်စေရန် ထိန်းသိမ်း ထားနိုင်စွမ်းနှင့် လိုအပ်သလို ဝန်ဆောင်မှုပေးနိုင်စွမ်းများ ရရှိနိုင်မည် ဖြစ်ပါသည်။

VMware ၏ Telco Cloud Automation မှာ အထက်ပါ Telco Cloud Infrastructure နှင့် စနစ်တကျ ပေါင်းစည်းထားပြီး ကွန်ရက်လုပ်ဆောင်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲသည့် လုပ်ငန်းစဉ် အစ၊ အဆုံး ကို ထိရောက်စွာ အလိုအလျောက် လုပ်ဆောင်ပေးမည် ဖြစ်သည်။ ထို့ကြောင့် ပိုမို ရိုးရှင်းလွယ်ကူစွာ လုပ်ငန်း လည်ပတ်ဆောင်ရွက်နိုင်ပြီး ဝန်ဆောင်မှု တိုးမြှင့်ပေးအပ်နိုင်မည့်အပြင် လိုအပ်သော အရင်းအမြစ်များကို စနစ်တကျ ခွဲဝေအသုံးပြုနိုင်ပါသည်။ ယခုအခါ Telco Cloud Automation သည် infrastructure နှင့် ဆော့ဖ်ဝဲလ်အသုံးချ Containers-as-a-Service (CaaS) ဝန်ဆောင်မှု စီမံခန့်ခွဲရာတွင် အလိုအလျောက် ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးနိုင်ပြီဖြစ်သောကြောင့် လုပ်ငန်းတာဝန် ခွဲဝေရာတွင် ပိုမို အဆင်ပြေချောမွေ့စေပြီး အရင်းအမြစ်များ နေရာချထားသည့် infrastructure ကို ပိုမို ကောင်းမွန်လာစေမည် ဖြစ်ပါသည်။ ထို့အပြင် 5G နှင့် telco edge ကွန်ရက်များ တိုးချဲ့ရာတွင် မည်သည့် ပမာဏ လိုအပ်သည်ဖြစ်စေ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်မည့် zero-touch-provisioning (ZTP) ဖြင့် ပိုမိုရိုးရှင်းလွယ်ကူစွာ တိုးချဲ့နိုင်ပြီ ဖြစ်ပါသည်။

CSPs ကုမ္ပဏီများ၏ ကွန်ရက် လုပ်ဆောင်မှုနှင့် ဝန်ဆောင်မှုများ ခွဲဝေဖြန့်ဖြူးရာတွင် ပိုမို မြန်ဆန်စေရန် VMware မှ VMware Telco Cloud Automation အတွက် အထောက်အကူ ဖြစ်စေရန် Ready for Telco Cloud သင်ကြားရေးအစီအစဉ်ကို မကြာသေးမီက တိုးချဲ့ဆောင်ရွက်ပေးခဲ့ပါသည်။ VMware Telco Cloud ပလက်ဖောင်း ထွက်ရှိလာခြင်းနှင့်အတူ လုပ်ငန်း ခွဲဝေဖြန့်ဖြူးမှုများအတွက် ကွန်ရက်လုပ်ဆောင်မှုများ အသင့်ဖြစ်နေစေရန် VMware ၏ သင်ကြားရေးအစီအစဉ်ကို တိုးချဲ့လိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်တွင် ပုံမှန်ပါရှိသည့် အကြောင်းအရာများအပြင် container-based ကွန်ရက် လုပ်ဆောင်မှုများ အကြောင်း၊ VMware ၏ Cloud Native stack နှင့် ကိုက်ညီမှုရှိသည့် လုပ်ငန်းတာဝန်များအကြောင်း၊ stack အသုံးချ ဆောင်ရွက်နိုင်သော အလိုအလျောက်စနစ်များအကြောင်းတို့ကို ထပ်မံ ထည့်သွင်းခဲ့ပါသည်။ CSPs ကုမ္ပဏီများအနေဖြင့် Network Functions ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိထားပါက VMware Telco Cloud ပလက်ဖောင်း ထည့်သွင်း၊ အသုံးချရာတွင် ပိုမို မြန်ဆန်မှုရှိမည်ဟု သုံးသပ်နိုင်ပြီး CSPs ကုမ္ပဏီများ အမြတ်အစွန်း ရရှိမည့်အချိန်ကို ပိုမို စောလျင်စွာ ရောက်ရှိနိုင်ပါသည်။ ယနေ့အထိ သင်ကြားရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် လုပ်ငန်း မိတ်ဖက် (၃၅) ခုမှာ အသိအမှတ်ပြု လက်မှတ်ပေါင်း (၁၈၀) ရရှိခဲ့ပြီး ဖြစ်ပါသည်။

VMware မှ ဆော့ဝဲလ်အသုံးချ virtual ကွန်ရက်နှင့် အဆောက်အအုံများ လိုအပ်သော physical ကွန်ရက် အကြားရှိ ကွာဟချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဖန်တီးထုတ်လုပ်ထားသည့် အချိန်နှင့်တပြေးညီ အလိုအလျောက် လုပ်ဆောင်ပေးနိုင်သော အာမခံ နည်းပညာဖြေရှင်းချက် တစ်ခုအဖြစ် Telco Cloud Operations ကိုလည်း စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ နည်းပညာဖြေရှင်းချက်မှာ SD-WAN အပါအဝင် ကွန်ရက်အတွင်း ပါရှိသည့် အဆင့်များစွာကို စေ့စပ်သေချာစွာ စောင့်ကြည့်စစ်ဆေးပြီး စွမ်းဆောင်ရည် စီမံခန့်ခွဲ့မှု ပြုလုပ်နိုင်သောကြောင့် ကွန်ရက်အခြေအနေကို မြန်ဆန်စွာသိရှိနိုင်ပြီး ကုန်ကျစရိတ် သက်သာစွာ အသုံးပြုသူ အတွေ့အကြုံ ပိုမို အဆင်ပြေချောမွေ့လာစေရေးကို ဆောင်ရွက်နိုင်ပါသည်။ အဆိုပါ နည်းပညာသည် ကြိုတင်အာမခံထားသည့်အတိုင်း လုပ်ဆောင်နိုင်ရန် စက်၏ သင်ယူလေ့လာနိုင်စွမ်းကို အခြေခံ၍ စွမ်းဆောင်ရည် အကဲဖြတ်ခြင်းနှင့် ထင်ရှားသည့် အစီရင်ခံမှုဆိုင်ရာ dashboards များကို ပေါင်းစည်းထားခြင်း ဖြစ်ပါသည်။ ပိုမို ပြီးပြည့်စုံမှုရှိစေရန် VMware ၏ Uhana နည်းပညာဖြေရှင်းချက်ကို ထည့်သွင်းထားသောကြောင့် Radio Access Networks (RANs) များအတွက် တိကျသေချာစွာ အလိုအလျောက် လုပ်ဆောင်ပေးပြီး CSPs ကုမ္ပဏီများမှာ ၎င်းတို့၏ ကွန်ရက်ဖြန့်ကျက်မှု လုပ်ငန်းစဉ် တစ်ခုလုံး၏ လည်ပတ်ဆောင်ရွက်ပုံ အပြည့်အစုံကို အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

Source – VMware