ကမ္ဘာ့ ပထမဆုံး အာကာသ ဟိုတယ် Voyager Station ကို ၂၀၂၇ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ Above : Space Development က တည်ဆောက်ထားမှာ ဖြစ်ပြီး အာကာသ ဟိုတယ်မှာ ဧည့်သည် ၄၀၀ နဲ့ ဝန်ထမ်း ၁၁၂ ယောက်ကို လက်ခံနိုင်မှာဖြစ်ပါတယ်။ ဟိုတယ် ဒီဇိုင်းက စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်ပါတယ်။ ဧည့်သည်တွေဟာ လကမ္ဘာနဲ့ တူညီတဲ့ ဆွဲအားကို ခံစားရမှာ ဖြစ်ပါတယ်။
ဟိုတယ်ဟာ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ လှည့်ပတ်နေမှာ ဖြစ်ပြီး Resort Experience ကို အပြည့်အဝ ခံစားရမှာ ဖြစ်ပါတယ်။ ဟိုတယ်မှာ အဆင့်မြင့် Villa တွေ၊ Fine Dining စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံ ၁ ခု၊ Spa နဲ့ Gym တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာ အာကာသ ဟိုတယ်ကို စတင် တည်ဆောက်မှာ ဖြစ်ပါတယ်။ အစပိုင်းမှာ တည်းခိုခဈေးနှုန်းတွေက မြင့်မားမှာ ဖြစ်ပြီး အနာဂတ်မှာ အာကာသ ခရီးသွားတဲ့ စားရိတ်တွေ သက်သာလာမှာ ဖြစ်ပါတယ်။ Voyager Station အာကာသခရီးသွားလုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း အာကာသ ခရီးသွား ဝန်ဆောင်မှုတွေ စတင် ပေါ်ပေါက်နေပြီ ဖြစ်ပြီး ခရီးသွားတွေဟာ အာကာသယာဉ်နဲ့ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းကိုလည်ပတ်လို့ ရပါတယ်။ မိနစ် အနည်းငယ် လည်ပတ်ပြီးရင် ကမ္ဘာမြေပေါ်ကို ပြန်လည် ဆင်းသက်ကြပါတယ်။ အာကာသမှာ တည်းခိုလို့တော့ မရသေးပါဘူး။ အဲဒီလိုအပ်ချက်ကို Voyager Station က ဖြည့်ဆည်းပေးတော့မှာ ဖြစ်ပါတယ်။
Ref: Tech Explorers