Walmart ဟာ ကိုယ်ပိုင် Cryptocurrency နဲ့ NFT or Non-fungible Token တွေကို ဖန်တီးကာ Metaverse နယ်ပယ်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေပုံရပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့လက မှတ်ပုံတင်အသစ်များစွာကို တင်ထားပြီး အီလက်ထရောနစ်၊ Home Decoration ၊ အရုပ်၊ အားကစား ပစ္စည်းနဲ့ အလှကုန် ပစ္စည်းတွေ အပါအဝင် Virtual ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။ Walmart က Virtual Currency နဲ့ NFT ကိုလည်း ထုတ်လုပ်မယ်လို့ ရေးသားထားပါတယ်။

U.S Patent and Trademark Office အရ Walmart ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့က မှတ်ပုံတင်ထားတာလို့ သိရပါတယ်။ ကုမ္ပဏီက “ ကျွန်တော်တို့ အိုင်ဒီယာ အသစ်တွေကို အမြဲတမ်း စမ်းသပ်နေပြီး တချို့ အိုင်ဒီယာတွေဟာ Customer တွေအတွက် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ဖြစ်လာပါတယ်။ “ လို့ ရေးသားထားပါတယ်။

မှတ်ပုံတင် ရှေ့နေ ၁ ယောက် ဖြစ်တဲ့ Josh Gerben က Facebook ဟာ လူမှုကွန်ရက်ထက် ကျော်လွန်တဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့အတွက် ကုမ္ပဏီ နာမည်ကို Meta လို့ ပြောင်းလိုက်ပြီးနောက်မှာ တခြား ကုမ္ပဏီတွေကလည်း Virtual World နယ်ပယ်ကို ဝင်ရောက်ဖို့ အလျှင်အမြန် ကြိုးစားလာကြပါတယ်။

Nike ဟာ နိုဝင်ဘာလ အစောပိုင်းက မှတ်ပုံတင် အသစ်တွေကို တင်ခဲ့ပြီး Virtual ဖိနပ်နဲ့ အဝတ်အထည်တွေ ရောင်းချမယ့် အစီအစဉ်ကို ပြသခဲ့ပါတယ်။ အဲဒီလ နောက်ပိုင်းမှာ Nike ဟာ Roblox နဲ့ ပူးပေါင်းကာ Nikeland အမည်ရ အွန်လိုင်း ကမ္ဘာ ၁ ခုကို ဖန်တီးမယ်လို့ ပြောခဲ့ပါတယ်။ ဒီဇင်ဘာလမှာ Nike ဟာ Virtual ဖိနပ် ကုမ္ပဏီ RTFKT ကို ဝယ်ယူခဲ့ပါတယ်။

Nike ရဲ့ ပြိုင်ဖက် Adidas ဟာလည်း ပြီးခဲ့တဲ့ လက NFT တွေကို ရောင်းချခဲ့ပြီး အခုဆိုရင် အဲဒီ NFT တွေဟာ OpenSea NFT ဈေးကွက်မှာ တန်ဖိုး အဆမတန် ကြီးမားနေပါပြီ။

Ref : cnbc