TikTok ကို အပြိုင်ဝိုင်းလုနေတဲ့ အမေရိကန် ကုမ္ပဏီတွေ များလာပါပြီ။ Walmart က Microsoft နဲ့ ပူးပေါင်းပြီး TikTok ကို ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ ကြေညာလိုက်ပါတယ်။ Walmart ဟာ ကြော်ငြာလုပ်ငန်း နယ်ပယ်ကို ဝင်ရောက်ဖို့ ကြိုးစားလာတဲ့ သဘောပါ။

Walmart ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က “ TikTok ရဲ့ ကြော်ငြာလုပ်ငန်းဟာ နိုင်ငံများစွာက Creators တွေအတွက် အရမ်းကို အကျိုးရှိပါတယ်။ TikTok US , Microsoft တို့နဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် Walmart ဟာ ဖောက်သည်များစွာ ပိုရလာပြီး ဈေးကွက် ပိုကြီးလာမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် Walmart ဟာ ကြော်ငြာလုပ်ငန်းကို ဝင်ရောက်လာနိုင်မှာပါ။ Walmart နဲ့ Microsoft တို့ ပူးပေါင်းမှုဟာ US TikTok User တွေကို ပျော်ရွှင်စေမှာ ဖြစ်သလို US အစိုးရရဲ့ စိတ်ပူတာတွေကို ပြေပျောက်စေမယ်ဆိုတာ ယုံကြည်ပါတယ်။ “ လို့ ပြောပါတယ်။

နိုင်ငံရေး ပြဿနာတွေ ကြီးထွားလာတဲ့အတွက် TikTok CEO ရာထူးကနေ Kevin Mayer နှုတ်ထွက်ပြီးနောက်မှာ Walmart ရဲ့ သတင်းတက်လာတာပါ။ ထရမ့်က TikTok ရဲ့ အမေရိကန် လုပ်ငန်းကို ဒေသတွင်း ကုမ္ပဏီတွေ ဝယ်ယူဖို့ တောင်းဆိုထားပြီး အဲဒီထဲမှာ Microsoft ဟာ ထိပ်ဆုံးက ပြေးနေပါတယ်။ Oracle နဲ့ Netflix တို့လို ဒိတ်ဒိတ်ကြဲ ကုမ္ပဏီတွေကလည်း TikTok ကို အပိုင်သိမ်းဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။ Oracle ဟာ TikTok နဲ့ သဘောတူညီမှု တချို့တောင်ရခဲ့တယ်လို့ ပြောနေကြပါတယ်။ TikTok ကို ဘယ်သူ အပိုင်သိမ်းသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

Ref : theverge