ဘီလီယမ်နာ ရင်းနှီးမြှပ်နှံသူနဲ့ Berkshire Hathaway ရဲ့ CEO Warren Buffett ဟာ ကိုကာကိုလာ ကနေ နေ့စဉ် ဝင်ငွေ ဒေါ်လာ ၂.၂ သန်း ရနေပါတယ်။
သူ့ရဲ့ Berkshire Hathaway ဟာ ၁၉၈၈ ခုနှစ်မှာ ဒေါ်လာ ၁.၃ ဘီလီယမ်နဲ့ ကိုကာကိုလာ ရှယ်ယာပေါင်း သန်း ၄၀၀ ကို ဝယ်ယူထားခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ သူဟာ အဲဒီ ရှယ်ယာတွေကနေ နှစ်စဉ် ဒေါ်လာ ၇၃၆ သန်း ရရှိနေပြီး တစ်ရက်ကို ဒေါ်လာ ၂ သန်းကျော် ရနေပါတယ်။ ဒါဟာ ရှယ်ယာ တစ်ခုမှ ထုတ်ရောင်းစရာမလိုဘဲ အမြတ်ရနေတာ ဖြစ်ပါတယ်။
သူဟာ တစ်ခါက တစ်ရက် Coke ၅ ဘူး သောက်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အပြန်အလှန်အားဖြင့် Coke ကလည်း သူ့ကို မိနစ်တိုင်း ငွေရှာပေးနေပါတယ်။
Buffett က ကိုကာကိုလာဟာ ကမ္ဘာ့ အထင်ကရ Brand ဖြစ်ပြီး ဝင်ငွေ ပုံမှန်ရနေတဲ့အတွက် သူ့ရဲ့ အကြိုက်ဆုံး ရေရှည် ရင်းနှီးမြှပ်နှံမှု ဖြစ်တယ်လို့ ယူဆထားပါတယ်။
Ref : Techworm