[Zawgyi]

Apple က iPhone 11 Series နဲ႔ Watch Series 5 ေတြကို ခမ္းခမ္းနားနား မိတ္ဆက္ခဲ့ၿပီးပါၿပီ။ အခုေတာ့ အဲဒီ ထုတ္ကုန္ အသစ္ေတြရဲ႕ Promo Video ေတြကို မွ်ေ၀လိုက္ပါတယ္။ ပထမ Video မွာ iPhone 11 Pro ရဲ႕ တည္ေဆာက္မႈ အရည္အေသြး၊ ၾကံ႕ခုိင္မာေက်ာမႈ၊ A13 Chip ၊ ဘက္ထရီ သက္တမ္း၊ အေနာက္ကင္မရာ အသစ္ ၃ လံုး၊ ဆန္းသစ္ထားတဲ့ Camera App UI ၊ Night Mode ၊ Video Recording / Editing ၊ Super Retina XDR Display အသစ္၊ Privacy နဲ႔ Face ID အေၾကာင္းေတြကို ရွင္းျပထားပါတယ္။

ဒုတိယ Video မွာ iPhone အသစ္ေတြထဲမွာ ေစ်းအေပါဆံုး ျဖစ္တဲ့ iPhone 11 အေၾကာင္းကို မိတ္ဆက္ထားပါတယ္။ iPhone 11 ရဲ႕ အလန္းစား အေရာင္ေတြ၊ အေနာက္ကင္မရာ အသစ္ ၂ လံုး၊ ေရစိုခံစြမ္းရည္၊ Video Recording Quality ၊ Slo-mo Selfies ၊ Face ID ၊ Speed ၊ Night Mode ၊ Display နဲ႔ ဘက္ထရီ သက္တမ္း အေၾကာင္းေတြကို ရွင္းျပထားပါတယ္။

ေနာက္ဆံုး Video မွာ Watch Series 5 ဟာ အခ်ိန္ကို ေဖာ္ျပေပးႏုိင္သလို အျခား အလုပ္မ်ားစြာကိုပါ ျပဳလုပ္ႏိုင္တာကို ျပသထားပါတယ္။ ဖုန္း ေျပာျခင္း၊ IoT Device ေတြကို ထိန္းခ်ဳပ္ျခင္း၊ GPS ကေန တည္ေနရာကို ေျခရာခံျခင္းေတြကို ျပသထားပါတယ္။ သင့္ကို အိပ္ယာ ႏိႈးေပးႏုိင္သလို သီခ်င္းေတြကို အလန္းစား အရည္အေသြးနဲ႔ နားဆင္ႏုိင္မွာပါ။ Siri ထည့္သြင္းထားၿပီး ကိုယ္လက္လႈပ္ရွားမႈ တိုင္းတာတဲ့ လုပ္ေဆာင္ခ်က္ေတြကိုလည္း ျပသထားပါတယ္။

Ref : gsmarena

[Unicode]

iPhone 11 Series နဲ့ Watch Series 5 ရဲ့ Promo Video တွေကို မျှဝေလိုက်တဲ့ Apple

Apple က iPhone 11 Series နဲ့ Watch Series 5 တွေကို ခမ်းခမ်းနားနား မိတ်ဆက်ခဲ့ပြီးပါပြီ။ အခုတော့ အဲဒီ ထုတ်ကုန် အသစ်တွေရဲ့ Promo Video တွေကို မျှဝေလိုက်ပါတယ်။ ပထမ Video မှာ iPhone 11 Pro ရဲ့ တည်ဆောက်မှု အရည်အသွေး၊ ကြံ့ခိုင်မာကျောမှု၊ A13 Chip ၊ ဘက်ထရီ သက်တမ်း၊ အနောက်ကင်မရာ အသစ် ၃ လုံး၊ ဆန်းသစ်ထားတဲ့ Camera App UI ၊ Night Mode ၊ Video Recording / Editing ၊ Super Retina XDR Display အသစ်၊ Privacy နဲ့ Face ID အကြောင်းတွေကို ရှင်းပြထားပါတယ်။

ဒုတိယ Video မှာ iPhone အသစ်တွေထဲမှာ ဈေးအပေါဆုံး ဖြစ်တဲ့ iPhone 11 အကြောင်းကို မိတ်ဆက်ထားပါတယ်။ iPhone 11 ရဲ့ အလန်းစား အရောင်တွေ၊ အနောက်ကင်မရာ အသစ် ၂ လုံး၊ ရေစိုခံစွမ်းရည်၊ Video Recording Quality ၊ Slo-mo Selfies ၊ Face ID ၊ Speed ၊ Night Mode ၊ Display နဲ့ ဘက်ထရီ သက်တမ်း အကြောင်းတွေကို ရှင်းပြထားပါတယ်။

နောက်ဆုံး Video မှာ Watch Series 5 ဟာ အချိန်ကို ဖော်ပြပေးနိုင်သလို အခြား အလုပ်များစွာကိုပါ ပြုလုပ်နိုင်တာကို ပြသထားပါတယ်။ ဖုန်း ပြောခြင်း၊ IoT Device တွေကို ထိန်းချုပ်ခြင်း၊ GPS ကနေ တည်နေရာကို ခြေရာခံခြင်းတွေကို ပြသထားပါတယ်။ သင့်ကို အိပ်ယာ နှိုးပေးနိုင်သလို သီချင်းတွေကို အလန်းစား အရည်အသွေးနဲ့ နားဆင်နိုင်မှာပါ။ Siri ထည့်သွင်းထားပြီး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြသထားပါတယ်။

Ref : gsmarena