Google Research က စာသားတွေကနေ ဗီဒီယို အဖြစ် ဖန်တီးပေးနိုင်တဲ့ Lumiere AI ကို ပြသလိုက်ပါတယ်။ အဲဒီ Generator မှာ တစ်ချက်ထဲနဲ့ ဗီဒီယိုတွေ ဖန်တီးပေးနိုင်တဲ့ Space-Time U-Net Architecture ကို အခြေပြုကာ တည်ဆောက်ထားတာပါ။

Google's LUMIERE AI Video Generation Has Everyone Stunned | Better than  RunWay ML? - YouTube

စာသားကနေ ဗီဒီယို ဖန်တီးတဲ့ Generator တွေမှာ AI ကို အသုံးပြုထားပြီး ဗီဒီယိုကို ဖန်တီးတာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဲဒီ Generator တွေဟာ နာမည်ကြီးလာပြီး ဗီဒီယို Editing Skill မရှိတဲ့ သူတွေတောင် ဗီဒီယိုတွေကို ဖန်တီးနိုင်ပါတယ်။

Lumiere ဟာ ရိုက်ထည့်လိုက်တဲ့ စာသားနဲ့ ကိုက်ညီတဲ့ အလွန် လှပတဲ့ ဗီဒီယိုတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် Lumiere ဟာ ရှုပ်ထွေးတဲ့ စာသားတွေအတွက်လည်း ဗီဒီယိုတွေ ဖန်တီးပေးနိုင်ပါတယ်။ Lumiere က ဗီဒီယိုမှာ ပါတဲ့ အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှု၊ အရောင်နဲ့ စတိုင်တွေကို ပြောင်းလဲပေးတာလို ဗီဒီယို Editing စွမ်းရည်တွေလည်း ပါပါတယ်။ ဥပမာအနေနဲ့ ဗီဒီယိုရဲ့ အစိတ်အပိုင်း  တစ်ခုကို ရွေးချယ်ပြီး အဝတ်အစား အရောင်ကို အနီရောင် ပြောင်းပေးပါလို့ ခိုင်းစေနိုင်ပါတယ်။ ကာတွန်း၊ ပုံကြမ်းနဲ့ ရေဆေး အရုပ်တွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ စာသားအပြင် ရုပ်သေ ဓါတ်ပုံတွေကနေလည် ဗီဒီယို ဖန်တီးပေးနိုင်ပါတယ်။ Google က Lumiere ကို အသုံးပြုခွင့်ပေးမယ့် အချိန်ကို မပြောသေးပါဘူး။

Google's Lumiere: Revolutionizing AI Video Generation with Space-Time  Diffusion Mode

ပထမဆုံး ရုပ်ရှင်ရိုက်တဲ့ Device ကို တီထွင်ခဲ့သူတွေထဲမှာ ပါဝင်တဲ့ Lumiere ညီအစ်ကိုကြောင့် Lumiere လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

Ref : interestingengineering