[Unicode]

Waymo က မောင်းသူမဲ့ Minivans နဲ့ Trucks တွေကို ပြည်နယ် အသစ် ၂ ခုမှာ စမ်းသပ်တော့မှာပါ။ ဒီသတင်းကို တွစ်တာကနေ အတည်ပြုလိုက်တာဖြစ်ပြီး Texas နဲ့ New Mexico တို့မှာ တိုးချဲ့ စမ်းသပ်မယ်လို့ သိရပါတယ်။ လမ်းနဲ့ ပတ်ဝန်းကျင် အခြေအနေကို လေ့လာသင်ယူဖို့ ဒီလို စမ်းသပ်တာဖြစ်ပြီး Waymo က အနာဂတ်မှာ စီးပွားဖြစ် လုပ်ကိုင်ဖို့ ရည်ရွယ်ထားပါတယ်။

စတင် စမ်းသပ်မယ့် မြို့တွေနဲ့ စမ်းသပ်မယ့် နည်းပညာကိုတော့ မပြောသေးပါဘူး။ Waymo က ပြီးခဲ့တဲ့နှစ်မှာ Chrysler Pacifica Minivans ၃ စီးကို Los Angeles မှာ စမ်းသပ်ခဲ့ပေမယ့် မြေပုံဒေတာတွေကိုပဲ ရယူခဲ့တာပါ။ Waymo ဟာ အရင်က Class 8 Trucks တွေကို California, Arizona နဲ့ Georgia တို့မှာပဲ စမ်းသပ်ခဲ့တာဖြစ်ပြီး အခုလို တိုးချဲ့ စမ်းသပ်တာဟာ ကုမ္ပဏီရဲ့ စီးပွားဖြစ်လုပ်ကိုင်မယ့် ရည်မှန်းချက် နီးစပ်လာပြီလို့ ဆိုနိုင်ပါတယ်။

Waymo ဟာ Texas ပြည်နယ်နဲ့ မစိမ်းပါဘူး။ ၂၀၁၅ အောက်တိုဘာလမှာ စတီယာရင်နဲ့ ခြေနင်းတွေမပါတဲ့ Firefly နမူနာကားကို Austin မှာ Waymo က သရုပ်ပြခဲ့ပါတယ်။ Austin မှာပဲ ၂၀၁၉ နိုဝင်ဘာလ မတိုင်ခင်အထိ ရုံးခန်း ၁ ခု ဖွင့်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ ပိတ်ခဲ့ပါတယ်။ အဲဒီရုံး ပိတ်လိုက်တဲ့အတွက် ဝန်ထမ်း ၁၀၀ လောက် အလုပ်ပြုတ်သွားတယ်လို့ သိရပါတယ်။

Waymo CEO John Krafcik က တွစ်တာမှာ မကြာခင်က မျှဝေထားတဲ့ ဓါတ်ပုံမှာ Axios သတင်းထောက် ၁ ယောက်နဲ့ အတူ Jaguar I-Pace Electric ကားရဲ့ အရှေ့မှာ ရပ်နေတာကို မြင်ရပါတယ်။ အဲဒီကားဟာ Waymo ရဲ့ နောက်မျိုးဆက် မောင်းသူမဲ့ ကား ဖြစ်လာနိုင်ပါတယ်။

Ref : theverge

[Zawgyi]

Waymo က ေမာင္းသူမဲ့ Minivans နဲ႔ Trucks ေတြကို Texas နဲ႔ New Mexico မွာ စမ္းသပ္မည္

Waymo က ေမာင္းသူမဲ့ Minivans နဲ႔ Trucks ေတြကို ျပည္နယ္ အသစ္ ၂ ခုမွာ စမ္းသပ္ေတာ့မွာပါ။ ဒီသတင္းကို တြစ္တာကေန အတည္ျပဳလိုက္တာျဖစ္ၿပီး Texas နဲ႔ New Mexico တို႔မွာ တိုးခ်ဲ႕ စမ္းသပ္မယ္လို႔ သိရပါတယ္။ လမ္းနဲ႔ ပတ္ဝန္းက်င္ အေျခအေနကို ေလ့လာသင္ယူဖို႔ ဒီလို စမ္းသပ္တာျဖစ္ၿပီး Waymo က အနာဂတ္မွာ စီးပြားျဖစ္ လုပ္ကိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။

စတင္ စမ္းသပ္မယ့္ ၿမိဳ႕ေတြနဲ႔ စမ္းသပ္မယ့္ နည္းပညာကိုေတာ့ မေျပာေသးပါဘူး။ Waymo က ၿပီးခဲ့တဲ့ႏွစ္မွာ Chrysler Pacifica Minivans ၃ စီးကို Los Angeles မွာ စမ္းသပ္ခဲ့ေပမယ့္ ေျမပုံေဒတာေတြကိုပဲ ရယူခဲ့တာပါ။ Waymo ဟာ အရင္က Class 8 Trucks ေတြကို California, Arizona နဲ႔ Georgia တို႔မွာပဲ စမ္းသပ္ခဲ့တာျဖစ္ၿပီး အခုလို တိုးခ်ဲ႕ စမ္းသပ္တာဟာ ကုမၸဏီရဲ႕ စီးပြားျဖစ္လုပ္ကိုင္မယ့္ ရည္မွန္းခ်က္ နီးစပ္လာၿပီလို႔ ဆိုႏိုင္ပါတယ္။

Waymo ဟာ Texas ျပည္နယ္နဲ႔ မစိမ္းပါဘူး။ ၂၀၁၅ ေအာက္တိုဘာလမွာ စတီယာရင္နဲ႔ ေျခနင္းေတြမပါတဲ့ Firefly နမူနာကားကို Austin မွာ Waymo က သ႐ုပ္ျပခဲ့ပါတယ္။ Austin မွာပဲ ၂၀၁၉ ႏိုဝင္ဘာလ မတိုင္ခင္အထိ ႐ုံးခန္း ၁ ခု ဖြင့္ထားခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ပိတ္ခဲ့ပါတယ္။ အဲဒီ႐ုံး ပိတ္လိုက္တဲ့အတြက္ ဝန္ထမ္း ၁၀၀ ေလာက္ အလုပ္ျပဳတ္သြားတယ္လို႔ သိရပါတယ္။

Waymo CEO John Krafcik က တြစ္တာမွာ မၾကာခင္က မွ်ေဝထားတဲ့ ဓါတ္ပုံမွာ Axios သတင္းေထာက္ ၁ ေယာက္နဲ႔ အတူ Jaguar I-Pace Electric ကားရဲ႕ အေရွ႕မွာ ရပ္ေနတာကို ျမင္ရပါတယ္။ အဲဒီကားဟာ Waymo ရဲ႕ ေနာက္မ်ိဳးဆက္ ေမာင္းသူမဲ့ ကား ျဖစ္လာႏိုင္ပါတယ္။

Ref : theverge