San Francisco မှာ စနေနေ့က လျှပ်စစ်မီးပြတ်တောက်မှုကြီး ဖြစ်ပွားခဲ့တာကြောင့် Waymo မောင်းသူမဲ့ကားတွေ မြို့ထဲမှာ ရပ်တန့်သွားခဲ့ပါတယ်။ PG&E ရဲ့ ဓာတ်အားခွဲရုံတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးမှုတွေများတာကြောင့် သုံးစွဲသူ ၁၀၀,၀၀၀ ကျော် မီးပြတ်ခဲ့ရတာပါ။

မီးပျက်နေချိန်မှာ Waymo ကားတွေက လမ်းလယ်ခေါင်နဲ့ လမ်းဆုံတွေမှာ အချက်ပြမီးတွေဖွင့်ပြီး ရပ်တန့်နေတာကို ဆိုရှယ်မီဒီယာ ဗီဒီယိုတွေမှာ တွေ့ရပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မီးပွိုင့်တွေအလုပ်မလုပ်တော့တဲ့အတွက် မြို့တော်ဝန် Daniel Lurie က ယာဉ်ကြောရှင်းလင်းဖို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ရပါတယ်။
:max_bytes(150000):strip_icc():focal(749x0:751x2)/San-Francisco-Power-Outage--122125-b3e43691551443eaa5fc3fc351e4ebe0.jpg)
Waymo ကားတွေဟာ မီးပွိုင့်ပျက်နေရင် လေးဘက်လမ်းဆုံ ရပ်နားမှုပုံစံမျိုး မောင်းနှင်ဖို့ ဒီဇိုင်းဆွဲထားပေမယ့် မီးပျက်တဲ့အတိုင်းအတာ ကြီးမားလွန်းတာကြောင့် လမ်းအခြေအနေကို အတည်ပြုဖို့ ပုံမှန်ထက်ပိုကြာကြာ ရပ်တန့်ခဲ့ရတာလို့ ကုမ္ပဏီက ရှင်းပြပါတယ်။ ဒီအခြေအနေကြောင့် Waymo ဟာ Bay Area က ဝန်ဆောင်မှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ရပေမယ့် အခုတော့ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နေ့လယ်ပိုင်းလောက်မှာ PG&E က နေရာတော်တော်များများကို မီးပြန်ပေးနိုင်ခဲ့ပြီး Waymo ကလည်း ဝန်ဆောင်မှုတွေ ပုံမှန်ပြန်စနေပါပြီ။ Google ရဲ့ မိခင်ကုမ္ပဏီပိုင် Waymo ဟာ ၂၀၂၅ ခုနှစ်အတွင်း ခရီးစဉ်ပေါင်း ၁၄ သန်းကျော် ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး လာမယ့်နှစ်မှာ London နဲ့ Washington, DC တို့မှာပါ တိုးချဲ့ပြေးဆွဲဖို့ ပြင်ဆင်နေပါတယ်။
Ref : bbc