Market Research Firm တစ်ခုဖြစ်တဲ့ Canalys ကနေ အခုအချိန်မှာ ၂၀၂၁ ခုနှစ်အတွက် Wearable နဲ့ TWS Earbuds စျေးကွက်ခန့်မှန်းချက်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ Wearable စျေးကွက်ဟာ ယခုနှစ်ထက် ၁၂ ရာခိုင်နှုန်းနဲ့ TWS Earbuds စျေးကွက်ကတော့ ၃၉ ရာခိုင်နှုန်းအထိ ရောင်းအားတက်လာမယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ဒီ Wearable နဲ့ TWS Earbuds တွေရဲ့ ရောင်းအားဟာ အလုံးရေ သန်း ၂၀၀ ကျော်အထိ ရှိလာမယ်လို့ ပြောကြားထားခဲ့ပါတယ်။ ဒါက လက်ရှိအချိန်အထိ ရောင်းအားအကောင်းဆုံးပမာဏလည်း ဖြစ်လာမှာပါ။

ဒီလိုမျိုး အသုံးပြုသူတွေအနေနဲ့ Wearable နဲ့ TWS Earbuds တွေကို ပိုပြီးဝယ်ယူလာတာက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ တရုတ်နိုင်ငံအပါအဝင် Asia-Pacific နဲ့ Europe Region တွေမှာ ရောင်းအားသိသိသာသာတိုးတက်လာမယ်လို့ သိရပါတယ်။

အခုနောက်ပိုင်းမှာလည်း TWS Earbuds စျေးကွက်က အပြိုင်အဆိုင်များပြားလာပြီဖြစ်သလို စမတ်ဖုန်းထုတ်လုပ်သူတွေအကုန်လုံးနီးပါးကလည်း ကိုယ်ပိုင် TWS Earbuds တွေကို ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ realme ၊ Xiaomi လိုမျိုး ကုမ္ပဏီတွေကလည်း စျေးနှုန်းသက်သာပြီး Active Noise Cancellation လိုမျိုး Feature တွေပါဝင်တဲ့ TWS Earbuds တွေကို ထုတ်လုပ်ထားတဲ့အတွက် နောက်နှစ်မှာ ပိုပြီးရောင်းအားကောင်းလာမှာကတော့ သေချာသလောက်ဖြစ်နေပါတယ်။

Wearable စျေးကွက်မှာကတော့ Android စမတ်ဖုန်းထုတ်လုပ်သူတွေက ကိုယ်ပိုင် Smartwatch တွေကို မိတ်ဆက်နေပေမယ့်လည်း Apple Watch တွေကပဲ ဆက်လက်ရောင်းအားကောင်းနေဦးမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China