[Unicode]

XDA-Developers က စာရေးသူ Max Weinbach က Samsung Galaxy S20 Series တွေရဲ့ သတင်းအချက်အလက်များစွာကို ဒီလထဲမှာ မျှဝေခဲ့ပါတယ်။ အခုတော့ သူက Galaxy Z Flip နဲ့ Galaxy S20 Ultra ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို သတင်းပေးလိုက်ပါတယ်။

Galaxy Z Flip ကို နောက်လ ၁၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ဒေါ်လာ ၁,၄၀၀ သတ်မှတ်ထားမှာပါ။ သိန်း ၂၀ လောက်တန်ကြေးရှိပါတယ်။ အမေရိကန်မှာ AT&T ကနေပဲ ရောင်းနိုင်ပြီး Unlocked Version ကိုလည်း ရောင်းပေးမယ်လို့ ထင်ရပါတယ်။

Galaxy S20 , S20+ နဲ့ S20 Ultra တို့ကို မတ်လ ၆ ရက်နေ့မှာ ရောင်းနိုင်ပါတယ်။ S20 Ultra ကို ဒေါ်လာ ၁,၃၀၀ သတ်မှတ်ထားနိုင်ပြီး ၁၉ သိန်းလောက် ရှိနိုင်ပါတယ်။ Galaxy S20 မော်ဒယ် ၃ လုံးစလုံးမှာ IP68 ရေစိုခံစံနှုန်း ပါလာနိုင်ပြီး ရေအနက် ၅ မီတာအထိ ယူဆောင် အသုံးပြုနိုင်ပါတယ်။ စက်ရုံက ထွက်ကတည်းက Screen Protectors တွေ တပ်ဆင်ထားနိုင်ပါတယ်။

Galaxy Buds+ ကို နောက်လမှာ ကြေညာနိုင်ပြီး လက်ရှိ Galaxy Buds ( ၁ ခါအားသွင်းပြီးရင် ၆ နာရီ အသုံးခံ) ထက် ဘက်ထရီ သက်တမ်းက ၂ ဆ ပိုကောင်းလာနိုင်ပါတယ်။ Buds+ ကို ၁၄၉ ဒေါ်လာ သတ်မှတ်ထားနိုင်ပြီး ၂ သိန်းလောက်ရှိနိုင်ပါတယ်။ Noise Cancellation မဟုတ်တဲ့ Adaptive Noise Isolation နည်းပညာ ပါလာမယ်လို့ သိရပါတယ်။

Ref : gsmarena

[Zawgyi]

သိန္း ၂၀ တန္ Galaxy Z Flip ကို ေနာက္လ ၁၄ ရက္ေန႔မွာ ေၾကညာႏိုင္

XDA-Developers က စာေရးသူ Max Weinbach က Samsung Galaxy S20 Series ေတြရဲ႕ သတင္းအခ်က္အလက္မ်ားစြာကို ဒီလထဲမွာ မွ်ေဝခဲ့ပါတယ္။ အခုေတာ့ သူက Galaxy Z Flip နဲ႔ Galaxy S20 Ultra ရဲ႕ ေဈးႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကို သတင္းေပးလိုက္ပါတယ္။

Galaxy Z Flip ကို ေနာက္လ ၁၄ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး ေဒၚလာ ၁,၄၀၀ သတ္မွတ္ထားမွာပါ။ သိန္း ၂၀ ေလာက္တန္ေၾကးရွိပါတယ္။ အေမရိကန္မွာ AT&T ကေနပဲ ေရာင္းႏိုင္ၿပီး Unlocked Version ကိုလည္း ေရာင္းေပးမယ္လို႔ ထင္ရပါတယ္။

Galaxy S20 , S20+ နဲ႔ S20 Ultra တို႔ကို မတ္လ ၆ ရက္ေန႔မွာ ေရာင္းႏိုင္ပါတယ္။ S20 Ultra ကို ေဒၚလာ ၁,၃၀၀ သတ္မွတ္ထားႏိုင္ၿပီး ၁၉ သိန္းေလာက္ ရွိႏိုင္ပါတယ္။ Galaxy S20 ေမာ္ဒယ္ ၃ လုံးစလုံးမွာ IP68 ေရစိုခံစံႏႈန္း ပါလာႏိုင္ၿပီး ေရအနက္ ၅ မီတာအထိ ယူေဆာင္ အသုံးျပဳႏိုင္ပါတယ္။ စက္႐ုံက ထြက္ကတည္းက Screen Protectors ေတြ တပ္ဆင္ထားႏိုင္ပါတယ္။

Galaxy Buds+ ကို ေနာက္လမွာ ေၾကညာႏိုင္ၿပီး လက္ရွိ Galaxy Buds ( ၁ ခါအားသြင္းၿပီးရင္ ၆ နာရီ အသုံးခံ) ထက္ ဘက္ထရီ သက္တမ္းက ၂ ဆ ပိုေကာင္းလာႏိုင္ပါတယ္။ Buds+ ကို ၁၄၉ ေဒၚလာ သတ္မွတ္ထားႏိုင္ၿပီး ၂ သိန္းေလာက္ရွိႏိုင္ပါတယ္။ Noise Cancellation မဟုတ္တဲ့ Adaptive Noise Isolation နည္းပညာ ပါလာမယ္လို႔ သိရပါတယ္။

Ref : gsmarena