Facebook ဟာ လက်ရှိ Video Conferencing App တွေဖြစ်တဲ့ Zoom နဲ့ Google Meet တွေကို ယှဥ်ပြိုင်နိုင်ဖို့အတွက် Messenger Rooms ကို ပြီးခဲ့တဲ့ရက်ပိုင်းက လူတိုင်းအသုံးပြုခွင့်ပေးခဲ့ပါတယ်။ အဆိုပါ Messenger Rooms Feature ဟာ လူအယောက် ၅၀ အထိ Video Conferencing ပြုလုပ်နိုင်သလို အချိန်အကန့်အသတ်လည်းမရှိတဲ့အတွက် တော်တော်လေးကို အဆင်ပြေတဲ့ Service တစ်ခုလို့ ပြောရမှာပါ။

အခုလည်း Facebook ပိုင်ဆိုင်တဲ့ Messaging App တစ်ခုဖြစ်တဲ့ WhatsApp ရဲ့ Android App Beta Update မှာ Messenger Rooms Feature ကို အသုံးပြုနိုင်ပြီလို့ သိရပါတယ်။ ဒါကတော့ WhatsApp Version 2.20.163 Beta Update မှာစတင်ရရှိလာတာဖြစ်ပြီး WhatsApp Chat ထဲမှာရှိတဲ့ Share Menu ကနေ “Room” ဆိုတဲ့ Option ပါဝင်လာတာဖြစ်ပါတယ်။

အဆိုပါ Room ကို နှိပ်လိုက်မယ်ဆိုရင် Messenger ထဲကနေတစ်ဆင့် Group Video Call ခေါ်ဆိုနိုင်တဲ့ဆီကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ Share Menu အပြင် Calls Tab မှာလည်း အဆိုပါ Messenger Rooms Feature ပါဝင်လာတာကိုတွေ့ရပါတယ်။

လောလောဆယ်မှာတော့ WhatsApp Beta Version ကို အသုံးပြုနေတယ်ဆိုရင်တောင် ယခု Messenger Rooms Feature ကို နိုင်ငံအချို့မှာပဲ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး WhatsApp မှာ ရရှိလာတာက နောက်ပိုင်းမှာ Messenger Rooms Feature ကို Encryption နဲ့ပါ အသုံးပြုလာနိုင်ဖို့များနေပါတယ်။

Ref – GSM Arena