Facebook က ပိုင်ဆိုင်တဲ့ Messaging App တစ်ခုဖြစ်တဲ့ WhatsApp ဟာ လက်ရှိအချိန်မှာ လုံခြုံရေးပိုင်းအားသာချက်တွေကြောင့် အသုံးပြုသူအများအပြားနဲ့ အောင်မြင်နေတာဖြစ်ပါတယ်။ WhatsApp ဟာ ယခုနှစ်အတွင်းမှာ အသုံးပြုသူတွေ တောင်းဆိုမှုများပြားတဲ့ Feature တစ်ခုဖြစ်တဲ့ Multi-device Support ကို စတင်ထုတ်ပေးနေပြီလည်းဖြစ်ပါတယ်။

အခုလည်း WhatsApp ဟာ နောက်ထပ်လူတောင်းဆိုမှုများပြားတဲ့အချက်တစ်ခုကိုလည်း မကြာခင်မှာ ဖြည့်ဆည်းပေးတော့မှာဖြစ်ပါတယ်။ ဒါကတော့ WhatsApp ကို Apple iPad ပေါ်မှာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ သတင်းကို Facebook CEO Mark Zuckerberg ကိုယ်တိုင် အရိတ်အမြွတ်ပြောကြားခဲ့တာဖြစ်တဲ့အတွက် မကြာခင်အချိန်အတွင်းမှာ ရရှိလာတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple iPad ပေါ်မှာ WhatsApp ကို အသုံးပြုဖို့အတွက်ကတော့ ဒီအတိုင်းဖုန်းနံပါတ်ထည့်သွင်းပြီး Account ဝင်ရောက်ရုံနဲ့တန်းအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီအစား WhatsApp Account ရှိပြီးသား Primary စမတ်ဖုန်းရဲ့ Device အခွဲအနေနဲ့ Multi-Device ပုံစံအသုံးပြုရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Apple iPad အတွက် Support က Multi-Device Support 2.0 နဲ့အတူ ထွက်ရှိလာဖွယ်ရှိနေပါတယ်။

WhatsApp ဟာ Apple iPad တွေအတွက် Support ပေးလာသလိုပဲ Android Tablet တွေနဲ့လည်း အလားတူအသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း Android Tablet တွေအတွက် Support ပေးလာဖို့ကတော့ အချိန်ပိုပြီး စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

ဒါတင်မဟုတ်သေးဘဲ WhatsApp ဟာ Apple iOS အတွက် Contact Info Interface အသစ်ကိုလည်း ထပ်မံ Update ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ယခုနှစ်အတွင်းမှာတင် WhatsApp ဟာ Feature Update တွေအများအပြားရရှိလာတဲ့အတွက် အသုံးပြုသူတွေအတွက်ကတော့ ဝမ်းသာစရာပါ။

Ref – 9to5Mac