WhatsApp ဟာ လက်ရှိအချိန်မှာ Security ပိုင်းစိတ်ချရတဲ့ Messaging App တွေကို အသုံးပြုချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ အခုနှစ်အတွင်းမှာ WhatsApp ဟာ Multi-Device Support အပါအဝင် တခြားသော Feature အသစ်တွေအများအပြားကိုပါ မိတ်ဆက်နေတဲ့အတွက် တော်တော်လေးကို အဆင်ပြေတဲ့ Messaging App တစ်ခုလို့တောင် ပြောနိုင်နေပါပြီ။

အခုလည်း WhatsApp ကနေ Feature အသစ်တစ်ခုကို ထည့်သွင်းဖို့စီစဥ်နေတယ်လို့ သိရပြီး လက်ရှိ Apple iMessage မှာ အသုံးပြုနိုင်တဲ့ Feature နဲ့ ဆင်တူမှာဖြစ်ပါတယ်။ ဒါကတော့ Message တွေမှာ Emoji Reaction ကို ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ အဆိုပါ Feature ဟာ iMessage အပြင် Facebook က ပိုင်ဆိုင်တဲ့ App တွေဖြစ်တဲ့ Messenger နဲ့ Instagram တွေမှာလည်း လက်ရှိအချိန်မှာ အသုံးပြုနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

အခုလိုမျိုး Emoji Reaction Feature အကြောင်းအသေးစိတ်ကိုတော့ မသိရသေးဘဲ WhatsApp ကနေ ပြုလုပ်ပေးထားတဲ့ Emoji တွေကိုပဲ ရွေးချယ်နိုင်မှာလား၊ ကိုယ်တိုင် React ပြုလုပ်ချင်တဲ့ Emoji ကို ရွေးချယ်နိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံးသိထားရတဲ့သတင်းအရတော့ Android Version အတွက် Beta အသုံးပြုသူတွေကို အရင်ဆုံးထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

WhatsApp ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Z Flip3 နဲ့ Z Fold3 ဖုန်းတွေမိတ်ဆက်တဲ့အချိန်မှာလည်း Chat History တွေကို တခြား Device ဆီကို Sync ပြုလုပ်နိုင်မယ့် Feature ကို မိတ်ဆက်ခဲ့ပါသေးတယ်။ လောလောဆယ်မှာတော့ Samsung Foldable ဖုန်းအသစ်တွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပေမယ့် မကြာခင်မှာ iOS နဲ့ Android Device တွေအတွက် ထုတ်ပေးသွားမယ်လို့ ပြောကြားထားပါတယ်။

Ref – Android Central