WhatsApp မှာ ပိုကြီးမားတဲ့ Groups ကို ရရှိနိုင်ပါပြီ။ ဒီ Feature ကို Beta Build အနေနဲ့ပဲ တွေ့ခဲ့ကြတာဖြစ်ပေမဲ့ အခုအချိန်မှာတော့ လက်တွေ့အသုံးပြုနေတဲ့ App တွေဆီ ထုတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ Update အရ အဖွဲ့ဝင်အရေအတွက်ကန့်သတ်ချက်ကို ၂၅၆ ဦးကနေ ၅၁၂ ဦးအထိ တိုးချဲ့ပေးလိုက်တာလည်း ဖြစ်ပါတယ်။

WaBetalnfo က တွေ့ရှိခဲ့တဲ့ နောက်ဆုံးထွက် WhatsApp update ဟာ အဆင့်တွေအလိုက် ဖြန့်ကျက်လုပ်ဆောင်နေတာပါ။ အကယ်၍ အသုံးပြုသူအနေနဲ့ Update ကို မရရှိသေးဘူးဆိုရင်တော့ လာမဲ့ ၂၄ နာရီအတွင်း နောက်ဆုံးဗားရှင်းကို Download ပြုလုပ်နိုင်မယ်လို့ Sammobile က ရေးသားဖော်ပြထားပါတယ်။

ဒီ Feature ကို Android, iOS အတွက် WhatsApp တွေနဲ့ Desktop ကွန်ပျူတာတွေမှာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ Groups ကို Manage ပြုလုပ်တဲ့ WhatsApp အသုံးပြုသူအနေနဲ့ ထွေထွေထူးထူးလုပ်နေစရာမလိုဘဲ အဖွဲ့ဝင် ၅၁၂ ဦးကို တိုးချဲ့ထည့်သွင်းနိုင်မှာပါ။

နောက်ဆုံးထွက် WhatsApp update ကို Download ပြုလုပ်ပြီးတာနဲ့ Member slots မှာ အဖွဲ့ဝင်နံပါတ်က နှစ်ဆဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် WhatsApp ရဲ့ အခြား Beta ဗားရှင်းတစ်ခုကလည်း ဒီလူကြိုက်များတဲ့ Messaging App မှာ Editing feature ရရှိနိုင်တော့မယ်ဆိုတာကိုလည်း ဖော်ပြနေပါတယ်။

ဒီ Editing feature ကို လူသိရှင်ကြားမပြခင်ကတည်းက စမ်းသပ်ခဲ့ပြီးဖြစ်တာကြောင့် လက်ရှိသုံးနေတဲ့နေရာတွေဆီ တိတ်တဆိတ်ရောက်ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအချိန်မှာ အကြီးမားဆုံး Update အဖြစ် Emojis တွေကိုအသုံးပြုပြီး Message တွေကို တုံ့ပြန်နိုင်တာပဲ ဖြစ်ပါတယ်။

Ref: sammobile