Microsoft ဟာ အခုအချိန်မှာ ကွန်ပျူတာ Operating System အတွက် Windows 10 ကိုပဲ အသုံးပြုနေတုန်းဖြစ်ပြီး တစ်နှစ်ကို ၂ ကြိမ် Major Update ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း ယခုနှစ်အတွက် ဒုတိယ Major Update ဖြစ်တဲ့ October Update ကို တရားဝင် ထုတ်ပေးလိုက်ပါပြီ။

ယခု October Update နဲ့အတူ အဓိကပြောင်းလဲသွားတဲ့ Feature ကတော့ Start Menu Design ပဲဖြစ်ပြီး ယခင်တုန်းကထက် သိသိသာသာကို Tiles နဲ့ Background Design နဲ့ ဆင်တူလာမှာဖြစ်ပါတယ်။ ဒီ Start Menu အပါအဝင် Taskbar ၊ Action Center တွေရဲ့ Accent Color တွေကိုလည်း စိတ်ကြိုက်ပြောင်းလဲနိုင်ဦးမှာပါ။

နောက်ထပ်ပြောင်းလဲမှုအနေနဲ့ကတော့ Microsoft Edge Browser ဖြစ်ပြီး Windows 10 နဲ့ ပိုပြီး Integrated ဖြစ်လာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Tabs Bar တွေတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းချင်တယ်ဆိုရင် Alt + Tab Shortcut နဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ Feature အသစ်တွေလည်း ယခု October Update မှာ ပါဝင်လာမှာဖြစ်ပြီး အဲ့ဒီထဲက တချို့ Feature တွေကတော့ System Setting ကနေ Display Refresh Rate ကို ပြောင်းလဲနိုင်တာ၊ Notification တွေမှာ App Icon တွေကိုပါ ဖော်ပြလာတာနဲ့ Tablet Mode ကိုပြောင်းလဲလိုက်တဲ့အချိန်မျာ Notification ရရှိမှာမဟုတ်တော့တာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Taskbar ကိုအသုံးပြုရတာလည်း ယခင်တုန်းကထက်ပိုပြီးရှင်းလင်းသွားမှာပါ။

လောလောဆယ်မှာတော့ Microsoft ကနေ October Update ကို တရားဝင်ထုတ်ပေးထားပြီဖြစ်ပြီး ကိုယ့်ရဲ့ ကွန်ပျူတာပေါ်မှုတည်ပြီး System Update ကနေ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – Engadget