NFT အရောင်းအဝယ်ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၁၇ ဘီလီယမ်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ရဲ့ ဒေါ်လာ ၈၂.၅ သန်းထက် တိုးတက်ခဲ့ပါတယ်။ NFT စကားလုံးကို Collins Dictionary က ၂၀၂၁ ခုနှစ်အတွက် Word of the Year အဖြစ် ရွေးချယ်ခဲ့ပါတယ်။
Forever Network ရဲ့ NBA အသားပေး ကုမ္ပဏီခွဲ Basketball Forever က ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ဩစတြေးလျရဲ့ လူမှုကွန်ရက်တွေမှာ ကြီးကြီးမားမား အုပ်စိုးထားပြီး NFT တွေနဲ့ သူတို့ရဲ့ နည်းဗျူဟာကို တိုးတက်အောင် ကြိုးစားနေပါတယ်။ သူတို့ရဲ့ App အသုံးပြုသူတွေဟာ နေ့တိုင်း Login ဝင်ပြီး NBA နဲ့ ပတ်သက်တဲ့ မေးခွန်း ၅ ခုကို ဖြေဆိုခြင်းဖြင့် NFT တွေကို ဆု အဖြစ်ရယူနိုင်ပါတယ်။
Basketball Forever ဟာ ဩစတြေးလျ Basketball မီဒီယာ ကုမ္ပဏီ ဖြစ်ပြီး Fan တွေနဲ့ ထိတွေ့မှု ပိုကောင်းအောင် NFT တွေကို အသုံးချနေပါတယ်။ Hoop Hounds အမည်ရ NFT စီမံကိန်း ၁ ခုကို မိတ်ဆက်ထားပြီး NFT တွေနဲ့အတူ တကယ့် ပစ္စည်းတွေကိုပါ လက်ဆောင် ပေးမှာ ဖြစ်ပါတယ်။ Bored Ape Yacht နဲ့ Top Shot တို့ဟာ အဲဒီလို NFT တွေနဲ့ တကယ့် Item တွေကိုပါ တွဲဖက် ပံ့ပိုးပေးတဲ့အတွက် မကြာခင်က ပိုမို ရေပန်းစားလာပါတယ်။
Hoop Hound NFT ဝယ်ယူသူတွေဟာ တည်နေရာအလို တကယ့် အမှတ်တရပစ္စည်းတွေ၊ လက်ဆောင် ပစ္စည်းတွေကိုပါ ရရှိမှာ ဖြစ်ပါတယ်။ အခုဆိုရင် NFT နယ်ပယ်ထဲကို ဝင်ရောက်လာတဲ့ ကုမ္ပဏီတွေ များသထက်များလာပါပြီ။ အဲဒီအထဲမှာ Basketball Forever ကလည်း အရှိန်အဟုန် ပြင်းပြင်းနဲ့ ဝင်ရောက်လာတဲ့ ကုမ္ပဏီ ၁ ခု ဖြစ်ပါတယ်။
Ref : thecoinrepublic