ဟန်ဂေရီ နိုင်ငံ ဘူဒါပတ်စ်မှာ ဒီလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ 2022 World Swimming Championship မှာ အနိုင်ရရှိခဲ့တဲ့ အီတလီက Thomas Ceccon နဲ့ ဟန်ဂေရီက Kristof Milak တို့ကို ဆုကြေးငွေ ဒေါ်လာ ၅ သောင်းနဲ့အတူ NFT တွေကို ချီးမြှင့်ခဲ့ပါတယ်။

အဲဒီ ရေကူးပြိုင်ပွဲကို FINA က ဦးစီး ကျင်းပခဲ့တာ ဖြစ်ပြီး ဒီနှစ်ဟာ ၁၉ ကြိမ်မြောက် ဖြစ်ပါတယ်။ FINA က အနိုင်ရရှိသူတွေကို NFT တွေကို ချီးမြှင့်ဖို့နဲ့ အဲဒီ NFT တွေရဲ့ Physical Print တွေကိုပါ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

FINA NFT Prize

NFT တွေကို ဘူဒါပတ်စ် ဒေသခံ Krizbo အမည်ရ အနုပညာရှင်က ဖန်တီးထားတာဖြစ်ပြီး သူဟာ မကြာခင်က NFT Collection ၁ ခုကို Opensea မှာ ရောင်းချခဲ့ပါတယ်။

Ceccon နဲ့ Milak တို့ရဲ့ NFT တွေမှာ ဟန်ဂေရီ အလံ အရောင်တွေ ဖြစ်တဲ့ အနီ၊ အဖြူနဲ့ အစိမ်းတွေ ထည့်သွင်းထားပါတယ်။ ဟန်ဂေရီရဲ့ အထင်ကရ အဆောက်အဦး ၂ ခုနဲ့ ရေကူးသမားတွေရဲ့ အောင်ပွဲရချိန်တွေကို ပြသထားပါတယ်။ အထင်ကရ အဆောက်အဦး ၂ ခုက ဟန်ဂေရီ လွှတ်တော်နဲ့ Fisherman’s Bastion တို့ ဖြစ်ပါတယ်။ NFT တွေမှာ အနိုင်ရသူတွေရဲ့ ရုပ်ပုံတွေမှာ ထည့်သွင်းထားပြီး Ceccon က ပရိသတ်ကို လက်ညှိုးထိုးနေပုံနဲ့ Milak က ရေကန်ထောင့်မှာ ထိုင်ကာ ပရိသတ်တွေကို ကြည့်နေပုံတွေ ဖြစ်ပါတယ်။

အနိုင်ရတဲ့ အားကစားသမားတွေကို NFT တွေ ချီးမြှင့်တာဟာ 2022 World Swimming Championship က ကမ္ဘာ့ ပထမဆုံး ဖြစ်လာပါတယ်။

Ref : nftnewstoday