NFT တွေဟာ ပုံမှန်အားဖြင့် အတုအပပြုလုပ်နိုင်ခြင်းမရှိတာကြောင့် တချို့သော NFT တွေဟာ စျေးနှုန်းအရ အလွန်မြင့်မားနေတာဖြစ်ပါတယ်။ အထူးသဖြင့် အခုနောက်ပိုင်း ခေတ်စားနေတဲ့ Bored Ape NFT Collection နဲ့ Cryptopunk NFT Collection တွေဟာ တစ်ခုကို ဒေါ်လာ သိန်းနဲ့ချီပြီး တန်ဖိုးရှိနေတာပါ။

ဒါပေမယ့် အခုအချိန်မှာတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Software ကုမ္ပဏီတစ်ခုကနေ ကိုယ်ပိုင်ဆိုင်တဲ့ NFT တွေကို Clone ပြုလုပ်ပွားယူနိုင်တဲ့ Website တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Website နာမည်ကို CloneMyNFT.com ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။

ဒီလိုမျိုး NFT Clone ပြုလုပ်တဲ့ Website ဟာ ပထမဆုံးထွက်ရှိလာတာဖြစ်ပြီး ရည်ရွယ်ချက်အနေနဲ့ကတော့ မူရင်း NFT ကို ရောင်းချလိုက်ရင်တောင်မှ ပုံစံတူနောက်ထပ် NFT တစ်ခုကို ပွားပြီး သိမ်းဆည်းထားနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ NFT တွေရှိရင်လည်း Backup Service အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

CloneMyNFT.com

အခု CloneMyNFT.com Website ကနေ Clone ပြုလုပ်ထားတဲ့ NFT တွေဟာ မူရင်း NFT တွေနဲ့ ပုံစံအတူတူပဲ ထွက်ရှိလာမှာဖြစ်ပေမယ့် ပိုင်ဆိုင်ကြောင်းအထောက်အထားနဲ့ မူရင်းပြုလုပ်သူတွေကတော့ ကွာခြားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် မူလအစစ်အမှန် NFT ဟုတ်မဟုတ်ကို အလွယ်တကူစစ်ဆေးနိုင်ဦးမှာပါ။

Ref – PR Newswire