Elon Musk က X မှာ မကြာခင် လစဉ်ကြေး ကောက်ခံမယ်လို့ ပြောကြားပြီးနောက်မှာ X သုံးစွဲသူများစွာက အကောင့်ကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

Elon Musk က Bot တွေကို တိုက်ဖျက်ဖို့ X သုံးစွဲသူတိုင်းကို လစဉ်ကြေးကောက်ခံမယ်လို့ ပြောကြားပြီးနောက် X မှာ ပွဲဆူသွားခဲ့တာပါ။

Musk ဟာ Twitter ကို ဝယ်ယူပြီး ၁ နှစ်တောင် မပြည့်သေးခင်မှာ အခုလို လစဉ်ကြေးကောက်ခံမယ့်အစီအစဉ်ကို ပြုလုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ Musk ဟာ အရင်က Blue Mark Verification System အတွက် လူ တစ်ယောက်ကို တစ်နှစ် ၈၄ ဒေါ်လာ ကောက်ခံထားပြီးပါပြီ။

အခုတော့ သုံးစွဲသူအားလုံးကို ငွေကြေး ကောက်ခံတော့မှာ ဖြစ်တဲ့အတွက် Mark Zuckerberg ရဲ့ Twitter ပြိုင်ဖက် Threads ကို ပြောင်းပြေးမယ့် လူတွေလည်း ရှိလာပါတယ်။

Furious users are threatening to ditch X for Mark Zuckerberg's 'Twitter-killer' Threads app

X သုံးစွဲသူ ၁ ယောက်က လစဉ်ကြေး ကောက်ခံတာနဲ့ X ကနေ ပြောင်းပြေးတော့မယ်လို့ X မှာ ရေးသားထားပါတယ်။ နောက်ထပ် သုံးစွဲသူ ၁ ယောက်က Musk လစဉ်ကြေး စတင်ကောက်ခံတာနဲ့ သူ့ကို အခမဲ့ သုံးလို့ရတဲ့ Threads မှာ ရှာပါလို့ ပြောပါတယ်။

နောက် ၁ ယောက်ကလည်း “ Musk က Twitter မှာ လစဉ်ကြေး ကောက်ခံတာနဲ့ မသုံးတော့ပါဘူး။ Threads ကို ပြောင်းသုံးမှာပါ။ Twitter ဟာ သုံးစွဲသူ သန်း ရာပေါင်းများစွာ ဆုံးရှုံးသွားမှာပါ။ “ လို့ ရေးသားထားပါတယ်။

Ref : dailymail