Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တဲ့ ပွဲမှာ Xiaomi Mi 10 Ultra နဲ့ Redmi K30 Ultra စမတ်ဖုန်း နှစ်လုံးကို ထုတ်ပြခဲ့ပြီး တရုတ်ပြည်တွင်းမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပေမယ့် နိုင်ငံတကာစျေးကွက်အတွက် မကြေညာခဲ့ပါဘူး။

ယနေ့ ထွက်လာတဲ့ သတင်းအရတော့ နိုင်ငံတကာစျေးကွက်ဟာ Ultra ဟန်းဆက်နှစ်လုံးကို လုံးဝ မမြင်ရဖို့က များနေပြီး Xiaomi ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးမှ Mi 10 Ultra နဲ့ Redmi K30 Ultra တို့ဟာ တရုတ်ပြည်သီးသန့် (China Exclusive) ဖြစ်ပြီး နိုင်ငံတကာကို ရောင်းချဖို့ အခွင့်အလမ်း နည်းပါးတယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Xiaomi Mi 10 Ultra ဟာ 120W Turbo Charge ပထမဆုံး ပါဝင်လာတဲ့ Mi ဟန်းဆက်ဖြစ်သလို စျေးချို ဟန်းဆက် တစ်လုံးဖြစ်တဲ့ Redmi K30 Ultra ကလည်း 120Hz Refresh Rate နဲ့ Dimensity 1000+ ချစ်ပ်ဆက်တို့ကို ယူဆောင်လာပါတယ်။

ဒီဖုန်းနှစ်လုံးဟာ နောက်ထပ် အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Poco အမည်အောက်ကနေ ထွက်ရှိလာဖို့လည်း အခွင့်အရေး နည်းနေပါတယ်။

Ref – GSMArena