သတင်းများစွာ ပေါက်ကြားပြီးနောက်မှာ Xiaomi 12 Lite ကို တရားဝင် ကြေညာလိုက်ပါပြီ။ 120Hz OLED မျက်နှာပြင်နဲ့ 108MP Main ကင်မရာ ပါလာပြီး ဈေးနှုန်း ချိုသာပါတယ်။

12 Lite ဟာ 11 Lite 5G NE ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ၆.၅၅ လက်မ AMOLED မျက်နှာပြင်၊ HDR10+ နဲ့ Dolby Vision တွေ ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါလာပါတယ်။

Xiaomi 12 Lite with 120Hz OLED display, 108MP cameras launched - Gizmochina

Snapdragon 778G Chipset မောင်းနှင်ထားပြီး 6GB or 8GB RAM နဲ့ 128GB or 256GB Storage တွေ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 108MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Selfie Portrait Mode နဲ့ Xiaomi Selfie Glow အပါအဝင် ဆော့ဖ်ဝဲ လုပ်ဆောင်ချက်များစွာ ပါပါတယ်။

Xiaomi 12 Lite မှာ 4,300mAh ဘက်ထရီနဲ့ 67W Fast Charging ထည့်သွင်းထားပြီး Dual SIM Support နဲ့ Dual 5G Standby ထောက်ပံ့ထားပါတယ်။ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး Black , Pink နဲ့ Green ၃ ရောင် ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၄၀၀ ဒေါ်လာ ၊ 8/128GB ကို ၄၅၀ ဒေါ်လာနဲ့ 8/256GB ကို ၅၀၀ ဒေါ်လာ သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၇၃၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။

Ref : gsmarena