Xiaomi 12 Series အနေနဲ့ စမတ်ဖုန်း ၃ လုံးကို ကြေညာပြီးပြီ ဖြစ်ပြီး အဲဒါတွေက Xiaomi 12 ၊ ပိုမို အရွယ်အစားကြီးမားတဲ့ Xiaomi 12 Pro နဲ့ ဈေးနှုန်း ပိုမို သက်သာတဲ့ Xiaomi 12X တို့ ဖြစ်ပါတယ်။ Xiaomi က 12 Series အတွက် ဒါနဲ့တင် ကျေနပ်သေးတဲ့ပုံ မပေါ်ပါဘူး။ အခုပေါက်ကြားထွက်ပေါ်လာတဲ့သတင်းအရ Xiaomi 12 Series အတွက် နောက်ထပ် စမတ်ဖုန်း အသစ် ၁ လုံးထွက်လာမှာ ဖြစ်ပြီး အဲဒါကတော့ လျှို့ဝှက်နာမည် L9 Taoyao လို့ ပေးထားတဲ့ Xiaomi 12 Lite ဖြစ်ပါတယ်။
Xiaomi 12 Lite မှာ ၆.၅၅ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သတင်းထွက်လာတဲ့အတွက် ရိုးရိုး Xiaomi 12 ထက် ပိုမို ရှည်လျားမှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်း ၂ လုံးကို နှိုင်းယှဉ်ပြထားတဲ့ Concept ဓါတ်ပုံ ၁ ပုံလည်း ထွက်လာပါတယ်။
ပေါက်ကြားသတင်းအရ Xiaomi 12 Lite မှာ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 700 Series Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အဖြစ်နိုင်ဆုံးက Snapdragon 778G+ Chipset ပါ။ အနောက်ဘက် ကင်မရာ ၃ လုံးထဲမှာ Samsung ISOCELL GW3 Sensor ပါတဲ့ 64MP Main ကင်မရာ ၁ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ တခြား ကင်မရာ ၂ လုံးရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပေမယ့် Ultrawide-angle ကင်မရာ ၁ လုံးနဲ့ Macro ကင်မရာ ၁ လုံး ဖြစ်နိုင်ပြီး အဲဒီ ကင်မရာတွေမှာ Optical Image Stabilization (OIS) မပါလာနိုင်ပါဘူး။
Xiaomi 12 Lite ဆိုတဲ့ နာမည်အတိုင်းပဲ Xiaomi 12 Series ထဲမှာ စွမ်းဆောင်ရည် နိမ့်ပါးပြီး ဈေးနှုန်းချိုသာနိုင်ပါတယ်။ Xiaomi 12 Series ကို ကိုင်ချင်ပြီး ငွေများများ မသုံးချင်သူတွေအတွက် Xiaomi 12 Lite က ရွေးချယ်စရာ ဖြစ်လာမှာပါ။
Ref : gsmarena