Xiaomi ဟာ အခုအချိန်မှာ Flagship Series အနေနဲ့ Xiaomi 12 Series ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်အတွက် အကောင်းဆုံး Flagship ဖုန်းတစ်လုံးဖြစ်လာမယ့် Xiaomi 12 Ultra ကိုတော့ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။

နောက်ဆုံးသိထားရတဲ့ သတင်းတွေအရဆိုရင် Xiaomi 12 Ultra ဖုန်းဟာ Qualcomm ရဲ့ Snapdragon 8 Gen 1+ Chipset ကို ပထမဆုံးသုံးလာတဲ့ စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး မကြာခင်လပိုင်းအတွင်းမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း Xiaomi 12 Ultra ဖုန်းမှာ အသုံးပြုလာမယ့် ကုန်ပစ္စည်းတွေအကြောင်းက သတင်းပေါက်ကြားလာခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Mi 11 Ultra ဖုန်းမှာတော့ Special Version အနေနဲ့ Ceramic Version တစ်မျိုးတည်းကိုပဲ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အခု Xiaomi 12 Ultra ဖုန်းကိုတော့ ပုံမှန် Glass အပြင် Ceramic နဲ့ Vegan Leather ဆိုပြီး စုစုပေါင်း ၃ မျိုးအထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Glass Version မှာတော့ အရောင်စုံရွေးချယ်နိုင်မယ်လို့ သိရပြီးတော့ Ceramic Version မှာတော့ Black နဲ့ White ၂ မျိုးပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Vegan Leather Version မှာတော့ ဘယ်လိုမျိုးအရောင်တွေရရှိနိုင်မလဲဆိုတာကို မသိရှိရသေးပါဘူး။

Xiaomi 12 Ultra ဖုန်းဟာ Xiaomi အတွက် ယခုနှစ်မှာ အကောင်းဆုံးစမတ်ဖုန်းဖြစ်လာနိုင်သလို လက်ရှိ Flagship ဖုန်းတွေထက်လည်း ပိုပြီးသာလွန်တဲ့နည်းပညာတွေပါဝင်မှာဖြစ်ပါတယ်။ ဒါကိုမှ အခုလိုမျိုး Version မျိုးစုံကိုပါ စိတ်ကြိုက်ဝယ်ယူနိုင်မယ်ဆိုတာက ဝမ်းသာစရာသတင်းတစ်ခုဖြစ်မှာပါ။

Ref- GSM Arena