Xiaomi  ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက Xiaomi 12 Series ရဲ့ ပထမဆုံး မော်ဒယ်ကို ကြေညာခဲ့ပေမယ့် အခုထက်ထိ 12 Ultra ကို မချပြရသေးပါဘူး။ အခုတော့ နောက်လမှာ ကြေညာမယ်လို့ သတင်းထွက်လာပြီး 5,000mAh ဘက်ထရီ ပါလာမယ်လို့ သိရပါတယ်။

Xiaomi 12 Ultra

Xiaomi 12 Ultra ရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက ကင်မရာ ဖြစ်ပြီး Xiaomi တည်ထောင်သူ Lei Jun က ကင်မရာကို Leica နဲ့ ပူးပေါင်း ဖန်တီးထားတယ်လို့ ပြောထားပါတယ်။ ပေါက်ကြားသတင်းအရ Main , Ultrawide နဲ့ Periscope Telephoto ကင်မရာ ၃ လုံး ပါလာမှာပါ။ Main ကင်မရာမှာ OIS ထောက်ပံ့ထားမှာ ဖြစ်ပြီး 8K Movie နဲ့ Video Filter ကို ထောက်ပံ့တဲ့ Leica Imaging Algorithm ထည့်ထားမှာပါ။

Xiaomi 12 Ultra

ပေါက်ကြားသတင်းအရ Xiaomi 12 Ultra မှာ 165Hz Refresh Rate နဲ့ 200W Fast Charging ပါလာမှာ ဖြစ်ပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Processor ဖြစ်တဲ့ Snapdragon 8+ Gen 1 မောင်းနှင်ထားမှာပါ။ အဲဒီ Chip မှာ TSMC ရဲ့ 4nm Process ကို အသုံးပြုထားပါတယ်။ Snapdragon 8 Gen 1 ထက် CPU စွမ်းအင် စားသုံးမှု ၃၀ ရာခိုင်နှုန်း ပိုနည်းသွားပြီး GPU စွမ်းအင် စားသုံးမှုကလည်း ၃၀ ရာခိုင်နှုန်း ပိုနည်းသွားပါတယ်။

Xiaomi ဟာ စွမ်းရည်မြင့် 12 Ultra ကို ဇူလိုင်လမှာ ကြေညာဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ရပါတယ်။ ကုမ္ပဏီကတော့ ကြေညာမယ့် နေ့ကို မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။

Ref : gizchina