၂၀၁၉ ခုနှစ် အစောပိုင်းမှာ Xiaomi ဟာ 100W Super Charge Turbo အားသွင်းစနစ်ကို ပြသခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီမှာ ဒီအကြောင်းကို ထပ်မံပြောကြားခဲ့ပါတယ်။ ယခုအခါ တရုတ်အခြေစိုက်ကုမ္ပဏီဟာ ဒီထက်ပိုမြန်သေးတဲ့ Charger ကိုဖန်တီးနေပုံရပြီး အသစ်ထွက်လာတဲ့ ဗီဒီယိုထဲမှာ အချိန်တိုလေးမြင်တွေ့ရမှာဖြစ်ပါတယ်။

Charger အသစ် MDY-12-ED ဟာ အမြင့်ဆုံး 120W Output ထိ ပေးနိုင်စွမ်းရှိပြီး USB Power Delivery ရဲ့ အမြင့်ဆုံး 20V ထိ ရောက်ရှိနိုင်ပါတယ်။ ယခင် Charger တွေနဲ့ လက်ရှိဗားရှင်းကွာခြားချက်က လက်ရှိအားသွင်းစနစ်က 6A ထိ ရောက်ရှိနိုင်တာပါ (တရားဝင် Specs မှာတော့ အမြင့်ဆုံး 5A သာဖြစ်ပါတယ်)။

မတူညီတဲ့ အားသွင်းနှုန်းတွေကိုလည်း ထောက်ပံ့နိုင်တာမြင်ရပြီး 15W ကနေ 120W ထိ ပေးနိုင်ပါတယ်။

ဈေးကွက်ထဲကို ရောက်မလာခဲ့တဲ့ 100W Charger ကို Tease လုပ်နေခဲ့စဉ်က 4,000 mAh ဘက္ထရီကို ၁၇ မိနစ်တည်းနဲ့ အားအပြည့်သွင်းနိုင်တယ်လို့ Xiaomi ကဆိုခဲ့ပါတယ်။ ဒါ့ကြောင့် 120W ဗားရှင်းကတော့ ဒီထက်ပိုမြန်မယ်လို့ ယုံကြည်ရပါတယ်။

တကယ်တမ်းသာ ဈေးကွက်ထဲရောက်လာခဲ့ရင်လည်း 120W စွမ်းအားဟာ စမတ်ဖုန်းတွေအပြင် Mi Notebook အသစ်လို Laptop တွေအတွက်ပါ အသုံးဝင်နိုင်မှာပါ။

Ref – GSMArena