Xiaomi ဟာ လက်ရှိအချိန်မှာ Qualcomm Snapdragon 8 Gen 1 Chipset ကို အသုံးပြုထားတဲ့ Xiaomi 12 Series တွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Qualcomm Snapdragon 8 Gen 1 Chipset ဟာ Performance ပိုင်းမှာ အားနည်းချက်တွေရှိနေတာကြောင့် တခြားသော MediaTek Dimensity Flagship Chipset တွေနဲ့ ယှဥ်ရင် အားနည်းနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Qualcomm ကနေ မကြာခင်မှာ TSMC ရဲ့ 4nm CPU Architecture ကို အခြေခံထားတဲ့ Snapdragon 8 Gen 1+ Chipset ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Snapdragon 8 Gen 1+ Chipset ဟာ လက်ရှိ Snapdragon 8 Gen 1 Chipset မှာကြုံတွေ့နေရတဲ့ စွမ်းဆောင်ရည်ပိုင်းအားနည်းချက်တွေနဲ့ Overheat ဖြစ်တာတွေကို အဓိက ဖြေရှင်းထားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Xiaomi ကနေ အဆိုပါ Qualcomm Snapdragon 8 Gen 1+ Chipset ကို အသုံးပြုထားတဲ့ Xiaomi 12 Ultra ကို မိတ်ဆက်ဖို့ရှိနေသလို အခုလည်း နောက်ထပ် Xiaomi ဖုန်းတွေကို Snapdragon 8 Gen 1+ Chipset နဲ့ ထုတ်ပေးသွားဦးမယ်လို့ သိရပါတယ်။ အဆိုပါ ဖုန်းတွေကိုတေ့ာ Xiaomi 12S နဲ့ Xiaomi 12S Pro လို့ နာမည်ပေးထားပြီး လက်ရှိအချိန်မှာ Xiaomi ကနေ မိတ်ဆက်ဖို့ဆောင်ရွက်နေပြီဖြစ်ပါတယ်။

Xiaomi 12S ကိုတော့ Codename အနေနဲ့ “Diting” လို့ ပေးထားပြီး Model Number အနေနဲ့ 2206123SC ဖြစ်ပြီး Xiaomi 12S Pro ကတော့ Codename “Unicom” နဲ့ Model Number 2206122SC ဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်လာမယ့် Design ပိုင်းနဲ့ Specification ပိုင်းကိုတော့ အတိအကျမသိရသေးပေမယ့် ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်သွားတဲ့ Xiaomi 12 နဲ့ Xiaomi 12 Pro ဖုန်းတွေနဲ့ တူညီမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ Snapdragon 8 Gen 1 Chipset ရဲ့ စွမ်းဆောင်ရည်ပိုင်းကို အားမရတဲ့သူတွေအနေနဲ့ အခု Xiaomi 12S ဖုန်းတွေကို စောင့်ကြည့်သင့်ပါတယ်။

Ref – Gizmo China