Xiaomi ဟာ 12S Series ကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပါတယ်။ အခုတော့ ကုမ္ပဏီက 12S Series ကို တရုတ်မှာ ဇူလိုင်လ ၄ ရက်နေ့ ကြေညာမယ်လို့ တရားဝင် အတည်ပြုလိုက်ပြီး အဲဒီ Series မှာ Xiaomi 12S, 12S Pro နဲ့ 12S Pro Dimensity Edition တို့ ပါလာမယ်လို့ ထင်ပါတယ်။

Xiaomi 12S launch date-

ဇူလိုင်လ ၅ ရက်နေ့မှာ ကြေညာမယ့် ROG Phone 6 ထက် တစ်ရက်စောကာ မိတ်ဆက်မှာ ဖြစ်တဲ့အတွက် Xiaomi 12S နဲ့ 12S Pro ဟာ Snapdragon 8+ Gen 1 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။

Early signs of the Xiaomi 12S and Xiaomi 12S Pro emerge online -  NotebookCheck.net News

Xiaomi 12S Pro Dimensity Edition မှာ Dimensity 9000 SoC မောင်းနှင်ထားနိုင်သလို မကြာခင်က ကြေညာခဲ့တဲ့ Dimensity 9000 Plus SoC လည်း ပါလာနိုင်ပါတယ်။ Xiaomi မျှဝေထားတဲ့ ပိုစတာမှာ ကင်မရာ Lens တွေနဲ့ Leica Branding ကို မြင်ရတဲ့အတွက် Xiaomi 12S Series တွေမှာ Leica ရဲ့ ဓါတ်ပုံ စွမ်းရည်တွေကို အသုံးပြုနိုင်မှာပါ။

အရင်က ပေါက်ကြားသတင်းအရ Xiaomi 12S နဲ့ 12S Pro အတွက် 8/128GB , 8/256GB နဲ့ 12/512GB Version ၃ မျိုး ထုတ်လုပ်ပေးထားမှာပါ။ 3C က စာရင်းအရ 12S မှာ 67W Charging နဲ့ Pro မှာ 120W Rapid Charging ပါလာမှာပါ။

Xiaomi 12S Pro Dimensity Edition အတွက် 8/256GB နဲ့ 12/512GB Version ၂ မျိုး ထုတ်လုပ်ထားနိုင်ပြီး 67W Charging ပါလာနိုင်ပါတယ်။

Ref : gizmochina