JerryRigEverything က Xiaomi 12S Ultra ရဲ့ အကြမ်းခံမှုကို စမ်းသပ်လိုက်ပြီး ဗီဒီယိုကို YouTube Channel မှာ တင်ထားပါတယ်။ ၁ လက်မ Sony IMX989 Sensor တပ်ဆင်ထားတဲ့ ကင်မရာ Bump အသစ်လည်း စမ်းသပ်မှုထဲမှာ ပါပါတယ်။ Zach Nelson က Xiaomi 12S Ultra ဟာ ပျမ်းမျှ စွမ်းဆောင်ရည် ရှိတယ်လို့ သုံးသပ်ပါတယ်။

Xiaomi 12S Ultra

Xiaomi 12S Ultra ဟာ Mi 11 Ultra ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ဘက်ပေါင်းစုံက တိုးတက်လာပါတယ်။ စမ်းသပ်မှု မပြုလုပ်ခင်က ကင်မရာ Bump မှာ အားနည်းချက် ရှိမယ်လို့သံသယ ရှိခဲ့ပေမယ့် တကယ် စမ်းသပ်တဲ့အခါမှာ အဲဒီထင်မြင်ချက် မှားယွင်းခဲ့ပါတယ်။ 12S Ultra ရဲ့ အပြင်ပိုင်း ဒီဇိုင်းဟာ ပရီမီယမ်ဆန်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး Mohs စံနှုန်းနဲ့ စမ်းသပ်မှု မပြုလုပ်ခဲ့ပါဘူး။ ကွေးညွှတ်တဲ့ စမ်းသပ်မှုမှာ ပျက်ဆီးမှု တချို့ ရှိခဲ့တဲ့အတွက် စွမ်းဆောင်ရည်က အကောင်းဆုံးလို့ မပြောနိုင်ပါဘူး။

အားလုံးခြုံကြည့်ရင် Xiaomi 12S Ultra ဟာ စမ်းသပ်မှု အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ JerryRigEverything ရဲ့ ကွေးညွှတ်တဲ့ စမ်းသပ်ချက်မှာ တခြား စွမ်းရည်မြင့် Android စမတ်ဖုန်းတွေထက် အခြေအနေ မဆိုးပါဘူး။

ဒါပေမယ့် စမ်းသပ်ချက်မှာ ဖရိမ် အနီးအနားတဝိုက် အနည်းငယ် ကွဲအက်တာ ဖြစ်ခဲ့ပါတယ်။ 12S Ultra ဟာ နေ့စဉ် အသုံးပြုမှုတွေမှာ လုံလောက်စွာ အကြမ်းခံတဲ့အတွက် စိတ်ချရပါတယ်။

Ref : gizmochina