Xiaomi က ဇူလိုင်လမှာ စွမ်းရည်မြင့် Xiaomi 12S Ultra ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ ကင်မရာ စွမ်းရည်ကို Reviewer များစွာက ချီးကျူးခဲ့ကြပါတယ်။ အခုတော့ DxOMark က အဲဒီဖုန်းရဲ့ ကင်မရာကို စမ်းသပ်လိုက်ပါတယ်။

Xiaomi 12S Ultra DxOMark

Xiaomi 12S Ultra ဟာ DxOMark ရဲ့ ကမ္ဘာ့ အကောင်းဆုံး စမတ်ဖုန်း ကင်မရာ အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၅ နေရာကို ရသွားပါတယ်။ ၁၃၈ မှတ်ရသွားပြီး ၁၃၇ မှတ် ရထားတဲ့ iPhone 13 Pro နဲ့ iPhone 13 Pro Max ထက် သာလွန်သွားပါတယ်။

CEO Says Xiaomi 12S Ultra Not Coming To Global Markets, But...

Xiaomi 12S Ultra ရဲ့ အလုံးစုံ ဓါတ်ပုံ အရည်အသွေးဟာ အခြေအနေအများစုမှာ ကောင်းမွန်ပြီး User တွေဟာ မတူညီတဲ့ ဓါတ်ပုံ Signatures တွေထဲက ရွေးချယ်နိုင်ပါတယ်။ Low Light ဓါတ်ပုံ အရည်အသွေးက ကောင်းမွန်ပြီး Night Mode မှာ Wide Dynamic Range ကို ပံ့ပိုးပေးထားပါတယ်။ Ultrawide နဲ့ Zoom ကင်မရာတွေဟာ အကွာအဝေးအားလုံးမှာ ကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်ပြီး အထူးသဖြင့် အဝေးက ရုပ်ပုံတွေကို ဖမ်းယူရာမှာ အားသာပါတယ်။ ဗီဒီယို Mode မှာ စွမ်းဆောင်ရည် ကောင်းမွန်ပြီး သာလွန်တဲ့ Dynamic Range၊ သဘာဝကျတဲ့ Texture Rendering နဲ့ ကောင်းမွန်တဲ့ Exposure ကို ပံ့ပိုးပေးပါတယ်။

အားနည်းချက်ကို ပြောရရင် တည်ငြိမ်မှု နည်းပါးပြီး ဆက်တိုက် ဓါတ်ပုံတွေ ရိုက်ရင် ချွတ်ယွင်းချက်တွေ တွေ့ရပါတယ်။ Preview က အတည် ရိုက်ကူးတဲ့ ရုပ်ပုံနဲ့ မတူညီပါဘူး။ တချို့ အလင်းရောင် အခြေအနေတွေမှာ ကင်မရာဟာ ဓါတ်ပုံကောင်းတွေရဖို့ ရုန်းကန်ရပါတယ်။

Ref : gizmochina