Xiaomi က စွမ်းရည်မြင့် 12S Ultra ကို ကြေညာလိုက်ပြီး Leica ရဲ့ ကင်မရာတွေနဲ့ နောက်ဆုံးထုတ် Snapdragon Chipset ထည့်သွင်းထားပါတယ်။ 50.3MP 23mm Wide-angle ကင်မရာဟာ Sony ရဲ့ စွမ်းရည်မြင့် ၁ လက်မ IMX989 Sensor ဖြစ်ပြီး စမတ်ဖုန်းတွေမှာ ပါတဲ့ အရွယ်အစား အကြီးဆုံး Sensor ဖြစ်ပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက 48MP Ultra-wide Angle နဲ့ 48MP Telephoto ကင်မရာတွေ ဖြစ်ပါတယ်။

Xiaomi 12S Ultra brings 1-inch sensor, Snapdragon 8+ Gen 1 and Leica optics

ဗီဒီယို အကြောင်း ပြောရရင် Xiaomi 12S Ultra ဟာ Dolby Vision HDR Recording ကို ထောက်ပံ့တဲ့ ပထမဆုံး Android ဖုန်း ဖြစ်ပါတယ်။ 10-bit h.265 ဗီဒီယိုတွေကို HLG နဲ့ ဖမ်းယူပေးပြီး 4K 30fps , 4K 60fps တွေကို ထောက်ပံ့ပေးထားပါတယ်။

Xiaomi 12S Ultra brings 1-inch sensor, Snapdragon 8+ Gen 1 and Leica optics

Xiaomi 12S Ultra မှာ ၆.၇၃ လက်မ E5 Super AMOLED 3200x1440p မျက်နှာပြင် ပါလာပြီး AdaptiveSync Pro ထောက်ပံ့ထားပါတယ်။ 120Hz Variable Refresh Rate ထည့်သွင်းထားပြီး 67W Wired နဲ့ 50W Wireless Charging တွေ ထောက်ပံ့တဲ့ 4,860mAh ဘက်ထရီ ပါပါတယ်။

Xiaomi 12S Ultra brings 1-inch sensor, Snapdragon 8+ Gen 1 and Leica optics

Xiaomi က ဘက်ထရီ စီမံခန့်ခွဲဖို့အတွက် Custom Surge Chip ၂ ခု ထည့်သွင်းထားပါတယ်။ Xiaomi Surge P1 Charging Chip က ဘက်ထရီကို အားအလွန်အကျွံ မသွင်းမိအောင် ကာကွယ်ပေးပြီး Xiaomi Surge G1 က ဘက်ထရီ အသုံးပြုမှုနဲ့ ရေရှည် အသုံးခံမှုကို စီမံခန့်ခွဲပေးပါတယ်။

Xiaomi 12S Ultra brings 1-inch sensor, Snapdragon 8+ Gen 1 and Leica optics

Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 8GB or 12GB RAM နဲ့ 256GB or 512GB UFS 3.1 Storage ပါပါတယ်။ Snapdragon အသစ်က 8 Gen 1 ထက် GPU နဲ့ CPU စွမ်းရည် အပိုင်းမှာ ၁၀ ရာခိုင်နှုန်း ပိုကောင်းပြီး စွမ်းအင် စားသုံးမှု အပိုင်းမှာ ၃၀ ရာခိုင်နှုန်း သက်သာပါတယ်။

Xiaomi 12S Ultra မှာ Harman Kardon ရဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပြီး Dolby Atmos ထောက်ပံ့ထားပါတယ်။ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး IP68 ရေစိုခံ စံနှုန်း ပါပါတယ်။ Xiaomi 12S Ultra ရဲ့ 8/256GB ကို ၅,၉၉၉ ယွမ်၊ 12/256GB ကို ၆,၄၉၉ ယွမ်နဲ့ 12/512GB ကို ၆,၉၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၁၆ သိန်းခွဲဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena