Xiaomi က ဇူလိုင်လ ၄ ရက်နေ့မှာ 12S Series ကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ 12S Series စမတ်ဖုန်း ၃ လုံး ထွက်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒါတွေက ရိုးရိုး Xiaomi 12S , Xiaomi 12S Pro နဲ့ ကင်မရာ အသားပေး Xiaomi 12S Ultra တို့ ဖြစ်ပါတယ်။

Xiaomi 12S trio

ကုမ္ပဏီက Xiaomi 12S Ultra မှာ ၁ လက်မ Sony IMX 989 ဆန်ဆာ အသစ် ပါလာမယ်လို့ ပြောပါတယ်။ Xiaomi ဟာ 12S Series ကို တရုတ်မှာပဲ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi 12S Pro leaked image

လက်ရှိမှာ Xiaomi 12S ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားနေပြီး ၆.၂၈ လက်မ AMOLED 120Hz Refresh Rate မျက်နှာပြင် တပ်ဆင်ထားမှာပါ။ 8/12GB RAM နဲ့ 128/256GB Storage တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 13MP Ultrawide Angle , 5MP Macro နဲ့ အရှေ့ဘက်မှာ 32MP ကင်မရာတွေ ထည့်သွင်းထားမှာပါ။

အဲဒီ Specs တွေဟာ Xiaomi 12 နဲ့ တူညီပုံရပေမယ့် ကွဲပြားချက်က Snapdragon 8+ Gen 1 Chipset အသစ်နဲ့ Leica ရဲ့ ကင်မရာတွေ ဖြစ်ပါတယ်။

Xiaomi က JD.com မှာ 12S Series အတွက် Landing Page ကို လွှင့်တင်ထားပြီး လက်ရှိ အချိန်မှာ 12S Series အတွက် အမှာစာ ၂၀၀,၀၀၀ ကျော် ရရှိထားပြီး ဖြစ်ပါတယ်။

Ref : gsmarena