နောက်ထွက်မယ့် Xiaomi 12T Series ရဲ့ သတင်းတွေ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် ထွက်ပေါ်လာနေပါတယ်။ အခုလည်း Roloand Quandt က Xiaomi 12T နဲ့ 12T Pro ရဲ့ Lunar Silver အရောင်ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ထွက်ပြီးသားဖြစ်တဲ့ Xiaomi 12 နဲ့ Xiaomi 12S မော်ဒယ်တွေမှာ အဲဒီ အရောင် မပါလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က Xiaomi 12T နဲ့ 12T Pro ရဲ့ အသေးစိတ် Specs နဲ့ အနက်၊ အပြာရောင်‌ မော်ဒယ်တွေရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာခဲ့ပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံးစလုံးမှာ ၆.၆၇ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 1220x2712p Resolution ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Xiaomi 12T Pro မှာ Qualcomm Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Xiaomi 12T မှာ MediaTek Dimensity 8100 Chipset ပါလာမှာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 120W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

12T Pro ရဲ့ အလန်းစား အစိတ်အပိုင်းက 200MP Samsung HP1 Sensor (1/1.22”) Main Sensor ဖြစ်ပြီး f/1.69 Aperture နဲ့ Optical Image Stabilization (OIS) ပါလာမှာပါ။ Xiaomi 12T မှာတော့ 108MP Main ကင်မရာ တပ်ဆင်ထားမှာပါ။ ဖုန်း ၂ လုံးစလုံးမှာ 8MP Ultrawide , 2MP Macro အနောက်ကင်မရာတွေနဲ့ 20MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။

Ref : gsmarena