Xiaomi ဟာ 200MP ကင်မရာ ပါတဲ့ စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေတာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဖြစ်ပါတယ်။ အခုတော့ ပေါက်ကြားလာတဲ့ ဓါတ်ပုံ ၁ ပုံအရ အဲဒီ သတင်းဟာ အမှန်တကယ် ဖြစ်လာတော့မှာပါ။

Xiaomi 12T Pro will have a 200 MP camera, leaked photo reveals

Phonandroid က မျှဝေလိုက်တဲ့ ဓါတ်ပုံမှာ Redmi K50 Ultra နဲ့ အရမ်းကို ဆင်တူတဲ့ ကင်မရာ Island ကို မြင်ရပြီး ပင်မ ကင်မရာ တပ်ဆင်ထားတဲ့ အနက်ရောင် စတုရန်း အကွက် ပါလာပါတယ်။ ကင်မရာ Island မှာ 200MP စာသားကို ရေးသားထားပြီး သတင်းအရင်းအမြစ်က အဲဒီ ဓါတ်ပုံဟာ Xiaomi 12T Pro ဖြစ်တယ်လို့ ပြောပါတယ်။

Redmi K50 Ultra ကို တရုတ်မှာ မကြာခင်က ကြေညာခဲ့ပြီး Xiaomi ဟာ နိုင်ငံတကာဈေးကွက်မှာ Redmi ထုတ်ကုန်တွေကို တခြား နာမည်တွေနဲ့ ရောင်းချလေ့ရှိပါတယ်။ အဲဒီအတွက် Redmi K50 Ultra ကို နိုင်ငံတကာမှာ Xiaomi 12T Pro နာမည်နဲ့ ရောင်းချမှာ သေချာသလောက်ရှိပါတယ်။ ကုမ္ပဏီက ကင်မရာကို ပြောင်းလဲထားမှာ ဖြစ်ပေမယ့် တခြား Specs တွေကို တူညီစွာ အသုံးပြုထားမယ်ဆိုရင် 12T Pro မှာ Snapdragon 8+ Gen 1 Chip ပါလာနိုင်ပါတယ်။

Redmi K50 Ultra ရဲ့ မော်ဒယ်နံပါတ်က 22081212C ဖြစ်ပြီး 12T Pro က 22081212UG ဖြစ်ပါတယ်။ ကွဲပြားချက်က နောက်ဆုံး အက္ခရာ ဖြစ်ပြီး တရုတ်နဲ့ နိုင်ငံတကာကို ကိုယ်စားပြုပါတယ်။

အခုသတင်းသာ မှန်မယ်ဆိုရင် ဒီလအစောပိုင်းက ကြေညာခဲ့တဲ့ Moto X30 Pro ပြီးနောက် Xiaomi 12T Pro ဟာ Samsung ISOCELL HP1 Sensor သုံးထားတဲ့ ဒုတိယမြောက် စမတ်ဖုန်း ဖြစ်လာမှာပါ။

Ref : gsmarena