ဒီသတင်းက လူအများ စောင့်မျှော်နေကြတဲ့ စိတ်ဝင်စားစရာ သတင်းလို့ ပြောနိုင်ပါတယ်။ Xiaomi က တရုတ် ဒေတာဘေ့စ်ကနေ ဖုန်း မော်ဒယ် ၄ ခုကို ရည်ညွှန်းထားတတဲ့ IMEI ၄ ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ မော်ဒယ် နံပါတ်တွေဟာ Xiaomi 13 နဲ့ 13 Pro ရဲ့ တရုတ်နဲ့ နိုင်ငံတကာ မော်ဒယ်တွေကို ကိုယ်စားပြုတယ်လို့ ထင်ရပါတယ်။

Xiaomi 12 - Notebookcheck.net External Reviews

အဲဒီ မော်ဒယ်နံပါတ်တွေက 221113C နဲ့ 2210132C ဖြစ်ပြီး တရုတ်ဈေးကွက်အတွက် ရည်ရွယ်ပါတယ်။ နိုင်ငံတကာ မော်ဒယ်တွေက 2211133G နဲ့ 2210132G တို့ ဖြစ်ကြပါတယ်။ G က Global ကို ရည်ညွှန်းပါတယ်။

Xiaomi 12 - Xiaomi Global

Xiaomi ဟာ Xiaomi 12 Ultra ကို မကြေညာရသေးခင်မှာပဲ Xiaomi 13 Series တွေကို စတင် ဖန်တီးနေပြီလို့ ထင်ရပါတယ်။ အဲဒီအတွက် Xiaomi က သူ့ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်းတွေဟာ မျှော်လင့်ထားတာထက် စောကာ ကြေညာနိုင်တယ်လို့ သုံးသပ်ပါတယ်။ လအတိအကျပြောရရင် နိုဝင်ဘာလလောက်မှာ ဖြစ်နိုင်ပါတယ်။

Xiaomi ဟာ စွမ်းရည်မြင့် ဖုန်းတွေကို ဒီဇင်ဘာလမှာ ကြေညာလေ့ရှိပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset တွေ ထည့်သွင်းထားလေ့ရှိပါတယ်။ အဲဒီအတွက် Qualcomm ဟာလည်း Snapdragon Gen 2 Chip ကို စောစော ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena