Xiaomi က MWC 2023 ပွဲမှာ Device အသစ်တွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီပွဲမှာ Xiaomi 13 , 13 Pro နဲ့ 13 Lite တို့ကို နိုင်ငံတကာအတွက် မိတ်ဆက်နိုင်ပါတယ်။ မကြာခင်က ထွက်ပေါ်ခဲ့တဲ့ Unboxing Video အရ Xiaomi 13 Lite ဟာ Xiaomi CIVI 2 ကို အမည်ပြောင်းထားတာပါ။

Xiaomi 13 Lite spotted as re-styled Xiaomi CIVI 2 with Snapdragon 7 Gen 1 SoC - NotebookCheck.net News

အခုတော့ Tipster Roland Quandt က 13 Lite ရဲ့ ဥရောပ ရောင်းဈေးကို မျှဝေလိုက်ပါတယ်။ အခြေခံ 128GB Storage မော်ဒယ်ကို ၄၉၉ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပြီး အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းအရ 256GB Storage မော်ဒယ်ကို ၅၄၉ ယူရိုနဲ့ ရောင်းချမှာပါ။ စွမ်းရည်အမြင့်ဆုံး 256GB Storage မော်ဒယ်မှာ 12GB RAM ပါမှာဖြစ်ပြီး အခြေခံမော်ဒယ်မှာ 8GB RAM ပါနိုင်ပါတယ်။

Xiaomi 13 Lite: Evidence emerges of smartphone being a re-branded CIVI 2 - NotebookCheck.net News

ပေါက်ကြားသတင်းတွေအရ Xiaomi 13 Lite ရဲ့ Specs တွေဟာ Xiaomi CIVI 2 နဲ့ တူညီမှာပါ။ 13 Lite မှာ ၆.၅၅ လက်မ AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ မျက်နှာပြင် အထက် အလယ်မှာ ဆေးတောင်ပုံ Cutout ပါလာမှာပါ။

Xiaomi 13 Lite မှာ Snapdragon 7 Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB LPDDR4X RAM နဲ့ 256GB UFS 2.2 Storage အထိ ပါလာမှာပါ။ 67W Wired Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ တပ်ဆင်ထားမှာပါ။

အရှေ့ဘက်မှာ 32MP ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်မှာ 50MP Sony IMX766 Main , 20MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina