နောက်ထွက်မယ့် Xiaomi 13 ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ကုမ္ပဏီဟာ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်း Series အတွက် ကွဲပြားခြားနားတဲ့ ဒီဇိုင်းကို ပြောင်းလဲ အသုံးပြုထားပါတယ်။ CompareDial နဲ့ OnLeaks က မျှဝေထားတဲ့ ဓါတ်ပုံတွေအရ Xiaomi 13 မှာ ပြားချပ်တဲ့ ဘေးဘက်တွေနဲ့ ပြားချပ်တဲ့ မျက်နှာပြင် တပ်ဆင်ထားပါတယ်။

Xiaomi 13 renders reveal flat sides and display

အဲဒီ ဒီဇိုင်းဟာ မကြာခင်က ကြေညာခဲ့တဲ့ iPhone Series တွေနဲ့ အလွန် တူညီနေပါတယ်။ Xiaomi 13 ရဲ့ အရှေ့မှာ ပြားချပ်တဲ့ မျက်နှာပြင် ပါလာပြီး ထောင့်စွန်းတွေက ချွန်နေပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Xiaomi 13 renders reveal flat sides and display - TechGoing

ဖုန်းရဲ့ ဘေးဘက်တွေကလည်း ပြားချပ်ပါတယ်။ ဒါပေမယ့် iPhone နဲ့ မတူတာက အနောက်ဘက်က ဖန်ဟာ ထောင့်စွန်းတွေမှာ အနည်းငယ် ကွေးညွှတ်နေပါတယ်။ ကင်မရာ Island ကို ပြောင်းလဲထားပြီး စတုရန်းပုံအကွက်ထဲမှာ ကင်မရာတွေကို ထည့်သွင်းထားပါတယ်။

ဖုန်းရဲ့ အရွယ်အစား အပြည့်အစုံက 152.8 x 71.5 x 8.3 mm ဖြစ်ပြီး ကင်မရာ Bump ပါထည့်တွက်ရင် အထူက ၁၀.၃ မီလီမီတာ ရှိပါတယ်။ နောက်ဆုံးထုတ် Qualcomm Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပြီး ဒီလထဲ ကြေညာနိုင်ပါတယ်။

Ref : gsmarena