Xiaomi ဟာ မကြာခင်မှာ Qualcomm Snapdragon 8 Gen 2 Chipset တွေကို အသုံးပြုထားတဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Xiaomi 13 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်လာနိုင်တဲ့အချိန်က ပေါက်ကြားလာခဲ့ပါပြီ။

အခုသတင်းကို YouTuber တစ်ဦးဖြစ်တဲ့ Sahil Karoul က Xiaomi 13 Series ကို တရုတ်နိုင်ငံအတွင်းမှာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Karoul ကနေ Xiaomi 13 ဖုန်းရဲ့ အပြာရောင်နဲ့ အညိုရောင် ၂ မျိုး Render ဓါတ်ပုံတွေကိုပါ ဖော်ပြခဲ့ပါတယ်။

Xiaomi 13 Series ဖုန်းဟာ Design ပိုင်းမှာ ပြောင်းလဲမှုတွေပြုလုပ်ထားပြီး အနောက်ဖက်မှာ Leather ပုံစံပြောင်းလဲထားသလို ဘေးဘောင်ကလည်း Flat Design ဖြစ်သွားတာကို တွေ့ရပါတယ်။ ဘေးဘောင်တွေက ပါးလွှာအောင် ပြုလုပ်ထားသလို Selfie Camera ကိုလည်း Display ရဲ့ အပေါ်ဘက်အလယ်မှာ Punch-hole Design နဲ့ ထည့်သွင်းထားမှာဖြစ်ပါတယ်။

Specification ပိုင်းမှာတော့ Xiaomi 13 Series ဟာ Qualcomm Snapdragon 8 Gen 2 Chipset ၊ 12GB RAM တွေပါဝင်မှာဖြစ်ပါတယ်။ Display အနေနဲ့ 6.2″ 2K AMOLED Display ကိုမှ 120Hz Refresh Rate ကို ထောက်ပံ့ထားပါတယ်။ Camera အနေနဲ့ 50MP Sony IMX 8-Series Sensor ကို အဓိကအသုံးပြုထားပြီး 120W Fast Charging နဲ့ အားသွင်းနိုင်မှာပါ။

Ref – Gizmo China