Xiaomi 13 Series မိတ်ဆက်ပွဲကို နောက်ဆုတ်ထားပြီး အခုတော့ RAM/Storage ၊ ကင်မရာ၊ အရောင်နဲ့ Specs တွေ ပေါက်ကြားလာပါတယ်။

Xiaomi 13 render

Ishan Agarwal က Xiaomi 13 နဲ့ 13 Pro အတွက် 8/128GB, 8/256GB, 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားမယ်လို့ ပြောပါတယ်။ အခြေခံ 8/128GB မော်ဒယ်မှာ UFS 3.1 Storage နဲ့ တခြား မော်ဒယ်တွေ အားလုံးမှာ UFS 4.0 ပါလာမှာပါ။ ဖုန်းအားလုံးမှာ LPDDR5X RAM ထည့်သွင်းထားမှာပါ။

Xiaomi 13 Series အတွက် အနည်းဆုံး အရောင် ၄ ရောင်နဲ့ Limited Edition Version ၁ လုံး ထုတ်ထားမှာပါ။ Distant Mountain Blue မှာ အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားပြီး Wilderness Green မှာ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။ တခြား ၂ ရောင်က Ceramic Black နဲ့ Ceramic White တွေ ဖြစ်ပါတယ်။

Xiaomi 13 မှာ 54MP Sony IMX800 Main (OIS) ၊ 12MP Ultrawide OmniVision OV13B နဲ့ 10MP Samsung S5K3K1 Telephoto (3.2x Optical Zoom) ကင်မရာတွေ ထည့်သွင်းထားမှာပါ။ 4,500mAh ဘက်ထရီ၊ 67W Wired နဲ့ 50W Wireless Charging တွေ ထောက်ပံ့ထားမှာပါ။

Xiaomi 13 Pro မှာ 50MP Sony IMX989 (၁ လက်မ ဆန်ဆာ) Main ၊ 50MP Ultrawide Samsung JN1 နဲ့ 50MP Samsung JN1 Telephoto (3.2x Optical Zoom) ကင်မရာတွေ ထည့်သွင်းထားမှာပါ။ 4,820mAh ဘက်ထရီ၊ 120W Wired နဲ့ 50W Wireless Charging တွေ ပါလာမှာပါ။

Ref : gsmarena