ဒီတစ်ပတ် အစောပိုင်းက Xiaomi 13 Ultra ကို နိုင်ငံတကာမှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပြီး ကုမ္ပဏီက တရားဝင် မပြောသေးပေမယ့် မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ အခုတော့ 3C မှာ မော်ဒယ်နံပါတ် 2304FPN6DC ကို မှတ်ပုံတင်ထားပြီး 90W Charging ပါလာမယ်လို့ ဖော်ပြထားကာ အဲဒါဟာ Xiaomi 13 Ultra ဖြစ်နိုင်ပါတယ်။

Xiaomi 13 Ultra and Xiaomi Pad 6 at 3C

နောက်ထပ် Device ၁ ခုကိုလည်း မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က 2304RP50C ဖြစ်ပါတယ်။ အဲဒါဟာ Xiaomi Pad 6 ဖြစ်ပြီး 67W Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Xiaomi 13 Ultra Expected To Release Globally, Camera Powerhouse – Pokde.Net

Xiaomi 13 Ultra ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 1440p မျက်နှာပြင်နဲ့ 1” Sony IMX989 Sensor အပါအဝင် အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Xiaomi Pad 6 မှာ 11” IPS LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 144Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Xiaomi Pad 6 Pro ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး မတူညီတဲ့ Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Pad 6  မှာ Snapdragon 870 နဲ့ Pad 6 Pro မှာ Snapdragon 8+ Gen 1 ထည့်သွင်းထားနိုင်ပါတယ်။

အဲဒီ Device ၂ ခုကို မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gsmarena