Xiaomi က စွမ်းရည်မြင့် Xiaomi 14 Series စမတ်ဖုန်းတွေကို နိုင်ငံတကာအတွက် ဒီလနှောင်းပိုင်းမှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Mobile World Congress မတိုင်ခင် ဘာစီလိုနာမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Xiaomi 14 Series ကို နိုင်ငံတကာအတွက် မိတ်ဆက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက မျှဝေထားတဲ့ Teaser တွေအရ ကာလရှည်ကြာ စောင့်ဆိုင်းနေရတဲ့ Xiaomi 14 Ultra လည်း ပါလာနိုင်ပါတယ်။

Save the Date: Xiaomi 14 Series Set to Make Global Debut on February 25th! – Droid News

Teaser မှာ Xiaomi 14 Ultra နဲ့အတူ အရွယ်အစား ပိုသေးငယ်တဲ့ Xiaomi 14 ကိုလည်း မြင်ရပါတယ်။ သတင်းတွေအရ Xiaomi 14 Pro ကို တရုတ်မှာပဲ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ မရောင်းချဘူးလို့ သိရပါတယ်။

Xiaomi 14 series to launch globally on February 25: Here's what to expect | - Times of India

Xiaomi ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှ Landing Page မှာ နောက်မျိုးဆက် Leica ကင်မရာ အသစ် တပ်ဆင်ထားမယ်လို့ ဖော်ပြထားပါတယ်။ သတင်းထွက်နေတဲ့အတိုင်း Xiaomi 14 Ultra ရဲ့ ပင်မ ကင်မရာမှာ Wider Variable Aperture ပါလာနိုင်ပါတယ်။

Xiaomi 14 Ultra မှာ 50MP ကင်မရာ ၄ လုံး တပ်ဆင်ထားနိုင်ပြီး ပိုမြန်တဲ့ f/1.6-f/4.0 Variable Aperture ပါတဲ့ Sony LYT-900 ပင်မ ဆန်ဆာ ပါလာနိုင်ပါတယ်။ Xiaomi 13 Ultra မှာတော့ f/1.9-f/4.0 Variable Aperture ပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Xiaomi 14 Series နဲ့အတူ Xiaomi Pad 7 တက်ဘလက်ကိုလည်း ကြေညာနိုင်ပါတယ်။

Ref : gsmarena