Xiaomi က မကြာခင်က 14 Series ကို ဒီလထဲ ကြေညာမယ်လို့ အသိပေးခဲ့ပြီး အခုတော့ ကြေညာမယ့် နေ့ အတိအကျကို ပြောလိုက်ပါပြီ။ Xiaomi 14 Series ကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ တရုတ်မှာ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပြီး အဲဒီဖုန်းတွေမှာ HyperOS ၊ Leica နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Variable Aperture ကင်မရာ ပါလာမှာပါ။

Xiaomi 14 is officially arriving on October 26

အဲဒီပွဲမှာ Xiaomi 14 နဲ့ Xiaomi 14 Pro ကို ကြေညာနိုင်ပြီး ၂ လုံးစလုံးမှာ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားမှာပါ။ Ultra Version ကိုတော့ နောက်ကျမှ ကြေညာကောင်းကြေညာနိုင်ပါတယ်။

Xiaomi 14 မှာ 90W Charging နဲ့ 14 Pro မှာ 120W Charging ထည့်သွင်းထားနိုင်ပါတယ်။ ဒီဇိုင်း အပိုင်းမှာ အဲဒီဖုန်းတွေမှာ စတုရန်းပုံ ကင်မရာ Island ကို ဆက်လက် ထိန်းသိမ်းထားမှာ ဖြစ်ပေမယ့် ကင်မရာတွေရဲ့ ပုံသဏ္ဍာန်က အနည်းငယ် ကွဲပြားနိုင်ပါတယ်။

မိတ်ဆက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့ပြီး ဒီကြားထဲမှာ Xiaomi က 14 Series ရဲ့ Teaser တွေကို ပိုမို မျှဝေလာနိုင်ပါတယ်။ Xiaomi 14 Series ကို နိုင်ငံတကာမှာ ၂၀၂၄ ခုနှစ် အစောဆုံး ရက်သတ္တပတ်တွေအတွင်း မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena